မန္တလေး မတ် ၄
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက် ရွှေကျောင်းတော်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာဓမ္မကထိကဗဟု ဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
တက်ရောက်ကြည်ညို
အဆိုပါ
အခမ်းအနားသို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့်
ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊
ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့်
ဧည့်သည်တော်များ၊ စေတနာရှင် အလှူရှင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ
စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်က ဂန္ဓကုဋိတိုက် ရွှေကျောင်းတော်ကြီးအတွင်းရှိ
မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး မြသပိတ် ဆွမ်းတော်၊
ရွှေကြာသင်္ကန်းတော်နှင့် သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့်
ဆီမီးကပ်လှူပူဇော်သည်။
ထို့နောက်
အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသည့်
ဧည့်ပရိသတ်များက သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြကာ
ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ
ဆက်ကပ်သည်။
နာယူကြည်ညို
ယင်းနောက်
သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ် ပရိတ်တရားတော်များကို
နာယူကြည်ညိုကြသည်။
ဆက်လက်၍
ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ယူဆောင်၍ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏
ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့် ချည်နှောင်တားဆီး ကာရံကြသည်။
ထို့နောက်
အမှုဆောင်ချုပ်နှင့်ဇနီးတို့သည် သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍
ရတနာစိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများအား သီတဂူဆရာတော်ကြီးထံ
ဆက်ကပ်လှူဒါန်းပူဇော်သည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးများက ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများအား သန်လျင်မင်းကျောင်း
ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်း ပူဇော်သည်။
ဆက်လက်၍
တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်
ဒုတိယဝန်ကြီးများက သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများအား ဆက်ကပ်
လှူဒါန်းကြသည်။
ရေစက်သွန်းချအမျှပေးဝေ
ထို့နောက်
အမှုဆောင်ချုပ်နှင့် ဧည့်ပရိသတ်များသည် သီတဂူဆရာတော်ဘုရားကြီးထံမှ သမ္မောဒနီယ
သာရဏီယ ဩဝါဒကထာနာယူပြီး မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ယင်းနောက်
အမှုဆောင်ချုပ်နှင့်ဇနီး ဦးဆောင်သည့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို
မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကာ
ခေတ္တအပူဇော်ခံမဏ္ဍပ်နေရာသို့ ပို့ဆောင်ကြသည်။
သိဒ္ဓိမင်္ဂလာဆင်ယင်
ဆက်လက်၍
အမှုဆောင်ချုပ်နှင့်ဇနီး၊ ဦးဆောင်သော အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို အမွှေးနံ့သာရည်များဖြင့်
ပက်ဖျန်းပူဇော်၍ သိဒ္ဓိမင်္ဂလာဆင်ယင်ကြသည်။
ထို့နောက်
ဥပါသကာများက ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွတ်သို့ မင်္ဂလာဝေါယာဉ်
တော်ဖြင့် ပင့်ဆောင်ကြပြီး အမှုဆောင်ချုပ်နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊
ငှက်မြတ်နားတော်တို့ကို စေတီတော်အထွတ်၌ တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များ
ပက်ဖျန်းကြသည်။
ယင်းနောက်
ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အခမ်းအနား
အောင်မြင် ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။
ဗုဒ္ဓါဘိသေက
အနေကဇာတင်
ဆက်လက်၍
သီတဂူဆရာတော်ကြီးက ဦးဆောင်၍ ပင့်သံဃာ ၁၀၈ ပါးတို့က ဗုဒ္ဓါဘိသေက အနေကဇာတင်ကြသည်။
အခမ်းအနားအပြီးတွင်
အမှုဆောင်ချုပ်နှင့်ဇနီး ဦးဆောင်သောအဖွဲ့ဝင်များသည် ကြွရောက်ချီးမြှင့်တော်မူကြသည့်
ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက်
အမှုဆောင်ချုပ်နှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၅၈၊
၁ဖာလုံနှင့် ၃ ဖာလုံကြားရှိ အရှည်ပေ ၁၀၀၀ သံကူကွန်ကရစ် တံတား ဒုဋ္ဌဝတီတံတားသစ် တည်ဆောက်ရေးစီမံကိန်းသို့
သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လေးလမ်းသွား တံတားတည်ဆောက်ခြင်းလုပ်ငန်းများ
ဆောင်ရွက်နေမှုအခြေအနေ၊ Bored
Pile ကွန်ကရစ်လောင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို
ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုအပေါ်
အမှုဆောင်ချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးစေရေး၊
တည်ဆောက်ရေးကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့နှင့်စပ်လျဉ်း၍
လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


No comments:
Post a Comment