နေပြည်တော် ဖေဖော်ဝါရီ ၂၅
စိုက်ပျိုးရေးဦးစီးဌာန၏ အဋ္ဌမအကြိမ် စာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မှာကြား
စာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နိုင်ငံတော်အနေဖြင့်
သီးနှံများ၏ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ပန်းတိုင်သီးနှံများ ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ
ယခင်က ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သတ်မှတ်ထားရှိသော သီးနှံ ၁၀ မျိုးအပြင် ကြက်သွန်နီ၊
ကြက်သွန်ဖြူနှင့် အာလူးသီးနှံများကိုလည်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်၍ အထွက် နှုန်းများ
တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ပန်းတိုင်အထွက် ရရှိအောင် ဆောင်ရွက်ရမည့်
နည်းလမ်း၊ ဆောင်ရွက်သင့်သည့် နည်းပညာများကို သုတေသနပြုဖော်ထုတ် ဆောင်ရွက်ကြရန်နှင့်
လိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို တောင်သူများလိုက်ပါ ဆောင်ရွက်စေရေးတို့အတွက်
ပညာရှင်များအနေဖြင့် တောင်သူများထံ နည်းပညာများ ပြန့်ပွားစေ ရေး ဆောင်ရွက်ပေးသွားကြရန်
မှာကြားလိုကြောင်း။
နိုင်ငံတော်အနေဖြင့်
ဆီထွက် သီးနှံစီမံကိန်း၊ ဝါတိုးချဲ့စိုက်ပျိုးရေးစီမံကိန်း၊ ကော်ဖီတိုးချဲ့စိုက်ပျိုး
ရေးစီမံကိန်း၊ သီဟိုဠ်သီးနှံတိုးချဲ့စိုက်ပျိုးရေးစီမံကိန်း၊ အထွက်ကောင်း အရည်အသွေးကောင်း
ရော်ဘာမျိုးများနှင့် ဆီအုန်းပင်များ အစားထိုးလဲလှယ်စိုက်ပျိုးရေး စီမံကိန်းများနှင့်
ဒေသရေမြေအရ စိုက်ပျိုးလျက်ရှိသော အမယ်သစ်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးတို့အတွက်
လမ်းညွှန်မှာကြားချက် များအပေါ် ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် ဒေသနှင့်ကိုက်ညီမှုရှိသည့်
သီးနှံများကို တောင်သူများ သိရှိစိုက်ပျိုးနိုင်ကြစေရန် ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ပြီး
တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ လူငယ်ဝန်ထမ်းများအနေဖြင့်
မိမိတို့လေ့လာတွေ့ရှိချက်များ၊ သုတေသန လုပ်ငန်းများအပေါ် လုပ်ဖော်ကိုင်ဖက်အချင်းချင်း
မျှဝေစေရုံသာမက သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တောင်သူများ လိုက်ပါဆောင်ရွက်နိုင်ကြစေရန်
တောင်သူ ပူးပေါင်းပါဝင်သော သုတေသနများဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက စာတမ်းဖတ်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို
တင်ပြပြီး စိုက်ပျိုးရေးဦးစီးဌာန၏ အဋ္ဌမအကြိမ် စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပသည်။
စိုက်ပျိုးရေးဦးစီးဌာနရှိ
လူငယ်စွန့်ဦးပညာရှင်များအဖွဲ့က ဦးဆောင်ကျင်းပသည့် အဆိုပါ စာတမ်းဖတ်ပွဲသို့ ဒုတိယဝန်ကြီးနှင့်
ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဝန်ထမ်းများ၊ စာတမ်းရှင်များ တက်ရောက်ကြပြီး
တိုင်းဒေသကြီး/ပြည်နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်း များနှင့် လူငယ်စွန့်ဦးပညာရှင်များက
အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။ စာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်ကြာ
ကျင်းပသွားမည်ဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ် ဌာနခွဲအသီးသီးနှင့် တိုင်းဒေသကြီး/
ပြည်နယ်များမှ စာတမ်းစောင်ရေ ၆၀ ဖတ်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment