နေပြည်တော် ဖေဖော်ဝါရီ ၂၅
ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်း ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ခရီးသွားလုပ်ငန်းကော်မတီဝင် နေပြည်တော်ကောင်စီဝင်
ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ကော်မတီဝင်
ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့် ပုဂ္ဂလိက ခရီးသွားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက
in person စနစ်ဖြင့် တက်ရောက်ကြပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများက အွန်လိုင်း မှ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင်
ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်
၂၀၂၆ နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၆ ခုနှစ်အတွင်း အိမ်ရှင် အဖြစ် လက်ခံကျင်းပသွားရန်
စီစဉ်ထားရှိပါကြောင်း၊ ပြည်ပခရီးသွား ပိုမိုဝင်ရောက်လာရေးအတွက် နှစ်နိုင်ငံခရီးသွားလုပ်ငန်း
ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များအပြင် ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များ (FAM
Trip)ကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများ
တွင် ခရီးသွားဈေးကွက် မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာအသင်းအဖွဲ့များနှင့်ပူးပေါင်း၍
နိုင်ငံ တကာခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းများကို
ပါဝင်ပြသလျက်ရှိပါကြောင်း။
ဝန်ကြီးဌာနမှ
ဆောင်ရွက်လျက်ရှိသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ နည်းပညာအခြေခံသောစနစ်များ အောင်မြင်အောင်
အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများက ဦးဆောင်ပြီး
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနမှ ဖွင့်လှစ်ပေးလျက်ရှိသော
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးသင်တန်းများကို
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင် ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊
ထို့ပြင် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိသော ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ
သင်တန်း/ သင်တန်းကျောင်း အသိအမှတ်ပြုမှု အစီအစဉ် (Accreditation Program) များတွင်
ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းပါဝင်လာကြရေးအတွက် တွန်းအားပေးဆောင်ရွက်ပေးကြစေလိုပါကြောင်း၊
ဒေသအလိုက် ထုတ်ကုန်များနှင့် ဒေသထွက်အစားအစာများကို ခရီးသွားဆွဲဆောင်မှုများနှင့် တွဲဖက်ပြီး
မြှင့်တင်ကြော်ငြာနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့
တက်ရောက်လာကြသော ကော်မတီဝင်များအနေဖြင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ
ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က ယခင်ခရီးသွားလုပ်ငန်းကော်မတီအစည်း
အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု များနှင့် ကော်မတီမှဆုံးဖြတ်ပေးရန်
အမှာစာများကို ဖတ်ကြားတင်ပြသည်။
ဆွေးနွေး
ယင်းနောက် တက်ရောက်လာကြသည့်
ကော်မတီဝင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသ ကြီး/ပြည်နယ်ဝန်ကြီးများ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ၊
ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက်
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ဟိုတယ်နှင့်
ခရီးသွားဆိုင်ရာလုပ်ငန်းလိုင်စင်များ ထုတ်ပေးထားရှိမှုနှင့် ခရီးသွားဧည့်သည်ဝင်ရောက်မှုအခြေအနေများ၊
ခရီးစဉ်ဒေသအသစ်များနှင့် ခရီး သွားဆွဲဆောင်ရာနေရာများ ဖော်ထုတ်ဆောင်ရွက်မှုအခြေအနေများ၊
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး ဆောင်ရွက်မှုအခြေအနေများနှင့်
ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး
အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က
ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက
မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေး၊
ခရီးသွားဈေးကွက်မြှင့်တင်ရေး၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များ
ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို
သုံးသပ်ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ
နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment