နေပြည်တော် ဇန်နဝါရီ ၁ဝ
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)
အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေသည့်
ရှမ်းပြည်နယ် (တောင်းပိုင်း)၊ ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်၊ မဲရုံအမှတ် (၁)၊
မြို့ဦး (၁) ကျေးရွာ၊ မဲရုံအမှတ် (၈)၊ ထီးခမ်းကျေးရွာ၊ မဲရုံအမှတ် (၇) နှင့်
ပင်ဖြစ်စံကျေးရွာ၊ မဲရုံအမှတ် (၆) တို့အား ယနေ့မွန်းလွဲပိုင်းတွင်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍
မဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး
ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment