Wednesday, December 10, 2025

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ မြင်းကကုန်းကျေးရွာရောက်ရှိ

 


နေပြည်တော် ဒီဇင်ဘာ ၉

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့် အတူ ဘိုကလေးမြို့နယ်သို့ ရောက်ရှိနေသည့် တပ်မ‌တော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော တပ်မတော် နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာသို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်သည်။

အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ အခြေပြု၍ အဆိုပါမြို့နယ်နှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၁၅၀၊ ခွဲစိတ်ရောဂါ ၁၉ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၅ ဦး၊ ကလေးရောဂါ ၁၃ ဦး၊ အရိုးရောဂါ ၁၂၀ ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၀ ၊ မျက်စိရောဂါ ၁၃၄ ဦးနှင့် သွားနှင့်ခံတွင်း ရောဂါ ၃၄ ဦး စုစုပေါင်းဒေသခံပြည်သူ ၅၃၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာသုံးဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၉ ဦး၊ အာထရာဆောင်းစက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၂ ဦး နှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

သတင်းစဉ်

No comments:

Post a Comment