နေပြည်တော် အောက်တိုဘာ ၃၀
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစီအစဉ်ဖြင့် ငလျင်ဘေးဒဏ်ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော ဆောက်လုပ်ရေးသုံးပစ္စည်းများအား အထူးကုန်ရထားများဖြင့် ပို့ဆောင်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ဘိလပ်မြေအိတ် ၉၇၂၀ (တန်ချိန် ၄၈၆ တန်) တင်ဆောင်လာသော အထူးကုန်ရထားသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ရွှေကြက်ယက်ဘူတာသို့ ပို့ဆောင်ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများက လာရောက်ကြည့်ရှု စစ်ဆေးလက်ခံခဲ့ကြကာ တိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏အစီအစဉ်ဖြင့်
မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ ငလျင်ဘေးဒဏ် ပြန်လည်ထူထောင်ရေးနှင့်
တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော ဆောက်လုပ်ရေးသုံးပစ္စည်းများကို အထူးကုန်ရထားများဖြင့်
ပို့ဆောင်ပေးလျက်ရှိရာ ယခုအခါ HRB 500 အမျိုးအစားသံချောင်းလုံး တန်ချိန် ၂၂၂၉ ဒသမ ၆၃
တန်၊ 4 Angle 0.33 mm အမိုး သွပ်ပြားချပ်ရေ ၄၉၀၀၀ (တန်ချိန် ၂၂၇ ဒသမ ၉၁ တန်) နှင့်
ဘိလပ်မြေအိတ် ၁၉၄၆၀ (တန်ချိန် ၉၇၃ တန်) တို့ကို ပို့ဆောင် ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း
သိရှိရသည်။
သတင်းစဉ်

No comments:
Post a Comment