နေပြည်တော် အောက်တိုဘာ ၈
ငလျင်ဘေးဒဏ်ခံခဲ့ရသော ဒေသများရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသည့် သံချောင်းလုံးများအား မြန်မာ့မီးရထား အထူးကုန်ရထားများဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် HRB 500 အမျိုးအစား သံချောင်းလုံး ၄၉၀ ဒသမ ၅၃ တန် မန္တလေးမြို့သို့ ဒုတိယအကြိမ်အဖြစ် ပို့ဆောင်ရောက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော HRB 500 အမျိုးအစား သံချောင်းလုံးများကို ပေးပို့လျက်ရှိရာ ပထမအကြိမ်တွင် သံချောင်းလုံး တန်ချိန် ၄၈၆ ဒသမ ၈၈၆ တန်နှင့် ယခုအကြိမ်တွင် သံချောင်းလုံး တန်ချိန် ၄၉၀ ဒသမ ၅၃ တန် ပို့ဆောင်ပေးပြီး စုစုပေါင်း သံချောင်းလုံးတန်ချိန် ၉၇၇ ဒသမ ၄၁၄ တန် ပို့ဆောင်လွှဲပြောင်းပြီးဖြစ်ကြောင်းနှင့် အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော HRB 500 အမျိုးအစား သံချောင်းလုံးများကို ဆက်လက်ပို့ဆောင်ပေးရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


No comments:
Post a Comment