နေပြည်တော် စက်တင်ဘာ ၁၁
KIA အကြမ်းဖက်သောင်းကျန်းသူများသည် AA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ နှင့် ပူးပေါင်း၍ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ နယ်စပ်ဒေသကုန်သွယ်ရေးအတွက် အရေးပါသော ဗန်းမော် - တာဆိုင်း - မြို့သစ် - လိုင်ဇာလမ်းကြောင်း၊ ဗန်းမော် - မိုးမောက် - တာဆိုင်း - လိုင်ဇာလမ်းကြောင်း၊ ဗန်းမော် - မိုးမောက် - လွယ်ဂျယ်လမ်းကြောင်းများကို ထိန်းချုပ် နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် မတ် လ ၇ ရက်မှစ၍ တရုတ်-မြန်မာ နှစ်နိုင်ငံကြားနယ်မြေထိစပ်လျက် ရှိသော ကချင်ပြည်နယ် အရှေ့ဘက်ရှိ နယ်မြေလုံခြုံရေးစခန်းများနှင့် ဒေါ့ဖုန်းယန်မြို့၊ မြို့သစ်မြို့၊ တာဆိုင်းရွာတို့ကို အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယာယီထိန်းချုပ်ထားခဲ့သည်။
ယင်းနောက် မိုးမောက်မြို့ရှိ
တစ်ခုတည်းသော နယ်မြေခံလုံခြုံရေးတပ်ရင်းအား ၂၀၂၄ ခုနှစ် ဧပြီ လ ၂၄ ရက်မှစ၍ အင်အားအလုံးအရင်းဖြင့်
ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်၊ ရဲမေများအနေဖြင့် ကြံ့ကြံ့ခိုင်ခိုင်
ပြန်လည်ခုခံတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက် သောင်းကျန်းသူများ အထိနာ၍ ဇွန်လ ၂၅ ရက်နေ့တွင်
မိုးမောက်မြို့နှင့်အနီးဝန်းကျင်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။
ထို့နောက် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည်
လူအင်အားထပ်မံဖြည့်တင်းခြင်း၊ မိုးမောက်မြို့တွင်းရှိ ပြည်သူလူထုနေအိမ်များအား ဖောက်ထွင်း၍
လိုအပ်သည့်ရိက္ခာ၊ ဆေးပစ္စည်း များအား အဓမ္မယူဆောင်ခြင်း၊ လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက်
၂၀၂၄ ခုနှစ် ဇူလိုင် လ ၂၄ ရက်နေ့တွင် လက်နက်ကြီးများ၊ Drone များဖြင့် Drop Bomb များ
ကြဲချတိုက်ခိုက်ခြင်းနှင့် လူအင်အားအမြောက်အမြား အသုံးပြု၍ မိုးမောက်မြို့ရှိ နယ်မြေခံတပ်ရင်းအား
ထပ်မံ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မဆုတ်မနစ်သော စိတ်ဓာတ်များဖြင့်
ကြံ့ကြံ့ခံ ခုခံတိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ သာလွန်
အင်အားအသုံးပြု၍ တိုက်ခိုက်လာမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုအနည်း
ဆုံးဖြစ်စေရေးအတွက် သြဂုတ်လ ၁၈ ရက်တွင် ကြားခံစစ်အဆင့်ဆင့်ဖြင့် ဗန်းမော်မြို့သို့
စနစ်တကျ ဆုတ်ခွာ၍ ဗန်းမော်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းခဲ့ရသည်။
ယင်းနောက် တပ်မတော်စစ်ကြောင်းများသည်
ဗန်းမော်မြို့၌ စနစ်တကျပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့ပြီးနောက် သြဂုတ် ၂၀ ရက်တွင်
မိုးမောက်မြို့အား အင်အားအလုံးအရင်းဖြင့် ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ
အထိနာခဲ့သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့်
မိုးမောက်မြို့ရှိ နယ်မြေခံတပ်ရင်းအား ပြန်လည်သိမ်းပိုက်ရရှိနိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိချိန်တွင်
အထိနာလျက် ရှိသော အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် စစ်မျက်နှာပြောင်းလဲ၍
မိုးမောက် မြို့သို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော တပ်မတော်စစ်ကြောင်းများအား လက်နက်၊
ခဲယမ်း၊ ရိက္ခာများ အဓိကထောက်ပံ့ပေးလျက်ရှိသည့် ဗန်းမော်မြို့ရှိ လေယာဉ်ကွင်း၊ တပ်ရင်းဌာနချုပ်
များအား ပိတ်ဆို့ဖြတ်တောက်နိုင်ရေးအတွက် ဗန်းမော်မြို့ဒေသခံပြည်သူလူထုအတွင်း ဒေသခံများ
အသွင် စိမ့်ဝင်နေထိုင်လျက်ရှိသည့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကူအညီများ ရယူကာ
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစ၍ နှစ်လအတွင်း ဗန်းမော်မြို့ အားအပြီးသိမ်းပိုက်ရန်
ကြွေးကြော်လျက် ဗန်းမော်မြို့တွင်းသို့ တောင်ဘက်နှင့် မြောက်ဘက် နှစ်ဖက်ညှပ်၍ တပ်မဟာအလိုက်အင်အားအလုံးအရင်းဖြင့်
ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့ရှိ ပြည်သူလူထုအချို့အနေဖြင့် စိုးရိမ်ထိတ်လန့်ခဲ့ကြရပြီး
နေရပ်စွန့်ခွာထွက်ပြေး၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေခဲ့ရသည်။
အလားတူ မံစီမြို့အား
အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်၍ ခေတ္တစိုးမိုး ထားသည့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည်လည်း
မံစီ - ဗန်းမော်လမ်းကြောင်းအတိုင်း ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ ဗန်းမော်မြို့တောင်ဘက်ရှိ
နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့သည်။
ထို့အပြင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့်
ဗန်းမော်မြို့၏ ဆက်သွယ်ရေးလမ်းကြောင်းများအား ဖြတ်တောက်ပိတ်ဆို့ခြင်းများကြောင့် ဒေသတွင်း
ကုန်စည် စီးဆင်းမှု ခေတ္တရပ်တန့်သွားခဲ့ရသဖြင့် ဒေသအတွင်း ကျန်ရှိသည့် ဒေသခံများ၏ စားရေး၌
အခက် အခဲ၊ အကျပ်အတည်းများဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ သို့ဖြစ်၍ အစိုးရနှင့် တပ်မတော်မှဒေသခံ
ပြည်သူများ၏ စားသောက်နေထိုင်ရေးအတွက် ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘောကြီးများဖြင့်
လိုအပ်သည့် ထောက်ပံ့ပို့ဆောင်ရေးများ ဆောင်ရွက်ပေးခဲ့ရာတွင်လည်း အကြမ်းဖက်သောင်းကျန်း
သူ ပူးပေါင်းအဖွဲ့များ ဧရာဝတီမြစ်ကြောင်းဝဲ/ယာတစ်လျှောက်ရှိ ကျေးရွာအချို့တွင် အတင်းအဓမ္မ
ခြိမ်းခြောက် ဝင်ရောက်နေရာယူလျက် သင်္ဘောများအား အဝေးမှ နှောင့်ယှက်ပစ်ခတ်ခြင်း၊ Drone
ဖြင့် Drop Bomb ချတိုက်ခိုက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်ကို လုပ်ဆောင်ခဲ့သည်။
ဗန်းမော်မြို့
အနီးဝန်းကျင်ရှိ တပ်ဌာနချုပ်များ၊ တပ်စခန်းများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်
အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လာသည့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအား
တန်ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာတွင်လည်း အကြမ်းဖက်သောင်း ကျန်းသူပူးပေါင်းအဖွဲ့များသည်
ပြည်သူလူထုအား လူသားတံတိုင်းသဖွယ် အသုံးပြုတိုက်ခိုက်ခြင်း၊ ပြည်သူလူထုနေအိမ်များအတွင်း
ဝင်ရောက်၍ အကာအကွယ်ယူ တိုက်ခိုက်ခြင်းများ ဆောင်ရွက် ခဲ့သဖြင့် ပြည်သူလူထုနှင့် ၎င်းတို့၏
နေအိမ်အဆောက်အအုံများ ထိခိုက်မှုမရှိစေရေးအတွက် ပစ်ခတ်မှုများကို ကန့်သတ်ချက်များကြားမှ
အထူးဂရုပြုဆောင်ရွက်ခဲ့ရသည်။ သို့ရာတွင် အကြမ်း ဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့်
သာသနိကအဆောက်အအုံများ၊ ပြည်သူလူထု၏ ကွန်ကရစ် အမိုးပါအထပ်မြင့် အဆောက်အအုံများနှင့်
ဆေးရုံ၊ ဆေးခန်းနေရာများ၌ အခြေပြု၍ တိုက်ခိုက်ခြင်းများအဆက်မပြတ် လုပ်ဆောင်လာခဲ့သဖြင့်
ဗန်းမော်မြို့ အရှေ့မြောက်ဘက်ရှိ တပ်ဌာနချုပ်များ၊ လုံခြုံရေးတပ်စခန်းများနှင့် ဗန်းမော်လေဆိပ်တို့ရှိ
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှ ဖေဖော်ဝါရီလ ၂၀ ရက်အတွင်း
အဆင့်ဆင့်ကြားခံစစ်များ ရယူကာ ဗန်းမော်မြို့တွင်းရှိ နယ်မြေခံ တပ်ဌာနချုပ်နေရာသို့
ဗျူဟာအရ ခေတ္တခွာ စစ်ဆင်ပူးပေါင်းခဲ့ပြီး အင်အားအလုံးအရင်းဖြင့် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လာသည့်
အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအား ဆက်လက်ခုခံတိုက်ခိုက်ခဲ့သည်။
ထို့နောက် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့်
ဗန်းမော်မြို့အား အလုံးစုံသိမ်းပိုက်ရရှိနိုင်ရေး အင်အားအလုံးအရင်းဖြင့် စဉ်ဆက်မပြတ်
ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော် လည်း တပ်ရင်း/ တပ်ဖွဲ့များရှိ အရာရှိ/ စစ်သည်၊ မိသားစုဝင်များ၊
အစိုးရဝန်ထမ်းများအနေဖြင့် ဗန်းမော်မြို့အား အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များလက်ဝယ်သို့
အလုံးစုံကျရောက်မှု မရှိစေရေး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လမှ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ရှစ်လတိုင်တိုင်
လှေခွက်ချည်း ကျန် အလံမလဲသည့် စိတ်ဓာတ်၊ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်စိတ်ဓာတ်တို့ဖြင့်
အပြင်းအထန် ဟန့်စစ်ဆင်ခုခံမှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏
ဗန်းမော်မြို့အား အလုံးစုံရရှိနိုင်ရေး စစ်ရေးအိပ်မက်မှာ ရပ်တန့်သွားခဲ့ရသည်။
ယင်းနောက် ၂၀၂၅
ခုနှစ် သြဂုတ်လအတွင်း အင်အားဖြည့်စစ်ကြောင်းများ လိုက်ပါလာသည့် တပ်မတော်ရေယာဉ်များအနေဖြင့်
ဗန်းမော်မြို့သို့ ချီတက်ခဲ့ရာတွင် လမ်းခရီးတစ်လျှောက် တွန်းသင်္ဘော နှစ်စင်း ပျက်စီး
ဆုံးရှုံးရသည်အထိ အခက်အခဲ မျိုးစုံနှင့် အကြမ်းဖက်သောင်းကျန်း သူတို့၏ ဖြတ်တောက်ပိတ်ဆို့မှုမျိုးစုံတို့ကြားမှ
အောင်မြင်စွာ ရောက်ရှိဆိုက်ကပ်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့မှစ၍ စစ်ကြောင်း
ခုနစ်ကြောင်းဖြင့် စုဖွဲ့ချီတက်ခဲ့သည်။ ထိုသို့ဆောင်ရွက် ခဲ့ရာတွင် ဗန်းမော်မြို့ အရှေ့မြောက်ဘက်ရှိ
ဗန်းမော်တက္ကသိုလ်နေရာမှတစ်ဆင့် နမ့်ဖားကျေးရွာ ရှိ စခန်းအား စစ်ကြောင်းတစ်ကြောင်းဖြင့်
ချီတက်သိမ်းပိုက်ခဲ့ပြီး ၎င်းစစ်ကြောင်းသည် ဗန်းမော် မြို့သို့ ဆက်လက်ဦးတည်ချီတက်၍လည်းကောင်း၊
ဗန်းမော်မြို့မြောက်ဘက်ရှိ နောင်ခိုရပ်ကွက်၊ မင်းလှရပ်ကွက်တို့အား စစ်ကြောင်းတစ်ကြောင်းဖြင့်
ချီတက်၍လည်းကောင်း၊ ဗန်းမော်မြို့ မြောက်ဘက်ရှိ အကြမ်းဖက်သမားများ ခေတ္တစိုးမိုးထားသည့်
နယ်မြေခံတပ်ဌာနချုပ် လေးခု၊ တပ်စခန်းတစ်ခုနှင့် လေဆိပ်နေရာတို့အား အရှေ့ဘက်မှ စစ်ကြောင်း
သုံးကြောင်းနှင့် နမ်းဖားစခန်းအား သိမ်းပိုက်ပြီး ဗန်းမော်မြို့သို့ ဦးတည်လာသည့် စစ်ကြောင်း
တစ်ကြောင်းတို့မှ နှစ်ဖက်ညှပ်၍လည်းကောင်း၊ ပင်စင်ကုန်းရပ်ကွက်၊ ညောင်ပင်ရပ်ကွက်၊ ခွန်သာရပ်ကွက်နှင့်
သာစည်ရပ်ကွက်အတွင်းရှိ ဒေသအခေါ် ကချင်စုနေရာတို့အား စစ်ကြောင်း နှစ်ကြောင်းဖြင့် လည်းကောင်း
တန်ပြန်တိုက်စစ်များ အရှိန်အဟုန်မြှင့်၍ အဆင့်ဆင့် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင်
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယာယီနေရပ်စွန့်ခွာ ဒေသခံ ပြည်သူများ၏ အပြည့်အဝ အားပေးထောက်ခံမှု၊
တပ်အင်အားဖြည့်တင်းရရှိမှု၊ တိုက်ပွဲဝင်အရာရှိ၊ စစ်သည်များ၏ စိတ်ဓာတ်ခွန်အား တက်ကြွမှု၊
တိုက်လိုခိုက်လိုစိတ်ပြင်းပြမှု၊ စစ်နည်းဗျူဟာမြောက် ချီတက်တိုက်ခိုက်နိုင်မှု၊ ဇွဲ၊
လုံ့လ၊ ဝီရိယတို့ဖြင့် အဆင့်ဆင့်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ၂၀၂၅ ခုနှစ် သြဂုတ်လ
၄ ရက်မှ စက်တင်ဘာ ၁၁ ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ခေတ္တစိုးမိုးထားသည့်
ဗန်းမော်မြို့ အနီးဝန်းကျင်ရှိ တပ်ဌာနချုပ်နေရာများ၊ ရပ်ကွက်၊ ကျေးရွာနှင့် စခန်းကုန်း
နေရာအသီးသီးတို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှုများစွာဖြင့်
ဗန်းမော်မြို့၏ အရှေ့မြောက်ဘက်နှင့် ပင်မတပ်များရှိရာ မိုးမောက်မြို့ဘက်သို့ ကစဉ့်ကလျား
ဆုတ်ခွာထွက်ပြေးလျက် ရှိသည်။
တပ်မတော်စစ်ကြောင်းများက
ဗန်းမော်မြို့အား ရန်သူ့လက်ဝယ်သို့ ကျရောက်မှုမရှိစေရေးနှင့် တပ်ဌာနချုပ်များအား ပြန်လည်သိမ်းပိုက်ရရှိရေး
မိမိတို့၏အသက်ကို ပဓာနမထားဘဲ ရင်ကိုမြေကတုတ်လုပ်ကာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းခဲ့သော
ကြောင့် စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အတွင်း
အကြမ်းဖက် သောင်း ကျန်းသူများနှင့် တိုက်ပွဲကြီး ၁၆ ကြိမ်၊ ထိတွေ့မှုပေါင်း အကြိမ်
၄၉၀ ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၆၃ လောင်း၊ လက်နက် မျိုးစုံ ၁၇၈ လက်နှင့်
ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။ အဆိုပါ တိုက်ပွဲများတွင် မိမိဘက်မှ ရွပ်ရွပ်ချွံချွံ
ပြန်လည်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့်
သေဆုံးသူ ၄၆၁၆ ဦးခန့် နှင့် ဒဏ်ရာရရှိသူ ၄၉၈၃ ဦးခန့် ရှိခဲ့ကြောင်း သီးခြားသတင်းရင်းမြစ်များအရ
သိရှိရပြီး မိမိဘက်မှ အရာရှိ/စစ်သည်အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ
အသက်ပေးလှူခဲ့ရသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်
အထိအခိုက်အကျအဆုံး များပြားလာသည့်အတွက် လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တပ်မတော်စစ်ကြောင်းများထံသို့
အလင်း ဝင်ရောက်မှုများလည်းရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် ဗန်းမော်မြို့အတွင်း
ကျန်ရှိနေသည့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအား ဆက်လက်နယ်မြေ ရှင်းလင်းသွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment