ဦးရွှေဦး
နိဒါန်း
ရွေးကောက်ပွဲစနစ် Electoral System ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ပြည်သူများကို ကိုယ်စားပြုရန် အတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရာ၌ အသုံးပြုသည့်စနစ်တစ်ခုပင် ဖြစ်သည်။ ရွေးကောက်ပွဲများတွင် အရေးအကြီးဆုံးမှာ ရွေးကောက်ပွဲစနစ်ပင်ဖြစ်သည်။ ရွေးကောက်ပွဲစနစ်တစ်ခု ပြောင်းလဲကျင့်သုံးခြင်းသည် နိုင်ငံရေးပါတီမျိုးစုံပါဝင်နိုင်မှုနှင့် နိုင်ငံရေးစနစ်ပြောင်းလဲမှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်သည်။ တိုင်းရင်းသားကိုယ်စားလှယ်များ စုံညီစွာပါဝင်နိုင်ခြင်းနှင့် အများပြည်သူ လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်အတွက် တရားဝင်ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နိုင်ခြင်း အကျိုးတရားများ ရရှိစေနိုင်ပါသည်။
ဒီမိုကရေစီကျင့်စဉ်များတွင်
ရွေးကောက်ပွဲစနစ်ရွေးချယ်မှုသည် ဥပဒေရေးရာမူဘောင်များအနက် အရေးကြီးသောကဏ္ဍတစ်ရပ်ဖြစ်ပါသည်။
ရွေးချယ်လိုက်သည့် ရွေးကောက်ပွဲစနစ်တစ်ခုသည် နိုင်ငံတစ်နိုင်ငံ၏အနာဂတ်နှင့် နိုင်ငံရေးပုံရိပ်တို့အပေါ်တွင်
နက်နဲစွာ အကျိုးသက်ရောက်မှု ရှိနေပါ သည်။ ထိုသို့ရွေးချယ်မှုသည် ကြိုတင်မျှော်မှန်းထားသည့်
အကျိုးသက်ရောက်မှုများ ရရှိနိုင်သကဲ့သို့ မျှော်မှန်းမထားသည့်အကျိုးဆက်များလည်း ပေါ်ပေါက်စေနိုင်သည်။
အချို့ရွေးကောက်ပွဲစနစ် များက တစ်ပါတီတည်းက ကြီးစိုးသည့်အခြေအနေကို ဖြစ်ပေါ်စေပြီး
အချို့ရွေးကောက်ပွဲစနစ်များက ညွန့်ပေါင်းအစိုးရတစ်ရပ်ရပ်ကို ဖြစ်ပေါ်စေနိုင်ပါသည်။
အချို့ရွေးကောက်ပွဲစနစ်များက မဲဆန္ဒရှင် များအားလုံး၏ ကိုယ်စားပြုမှုကို အချိုးကျဖော်ဆောင်ပေးနိုင်ပြီး
အချို့ရွေးကောက်ပွဲစနစ်များသည် တစ်မဲသာသူက အနိုင်ရရှိပြီး ကျန်မဲဆန္ဒရှင်များ၏ ကိုယ်စားပြုမှုကို
လျစ်လျူပြုရာ ရောက်ခြင်းများလည်းရှိနိုင်ပါသည်။ မည်သည့်ရွေးကောက်ပွဲစနစ်ပင်ဖြစ်စေ လွှတ်တော်များတွင်
အားကောင်းမောင်းသန် ဆောင်ရွက်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ် လူတော်လူကောင်း များကို
ရွေးချယ်ပေးနိုင်ရန် အရေးကြီးပါသည်။ ထို့ကြောင့် မိမိနိုင်ငံ၊ မိမိပြည်သူနှင့် သင့်လျော်သော
ရွေးကောက်ပွဲစနစ်များကို ရွေးချယ်၍လည်းကောင်း၊ တီထွင်ဖန်တီး၍လည်းကောင်း ရွေးကောက်ပွဲစနစ်တစ်ခုမှ
တစ်ခုသို့ ပြောင်းလဲ၍လည်းကောင်း ရေးဆွဲကျင့်သုံးကြရာတွင် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဖြစ်နိုင်ခြေများကိုလည်း
ကြိုတင်မြော်တွေး၍ ဆင်ခြင်သုံးသပ်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ၌
ရွေးကောက်ပွဲစနစ်များကို ပြည်သူ့လွှတ်တော် အတွက် မဲအများဆုံးရသူအနိုင်ယူစနစ်
(FPTP) ဖြင့်လည်းကောင်း၊ အမျိုးသားလွှတ်တော်နှင့် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက်
ရောနှောထားသောကိုယ်စားလှယ် အချိုးကျစနစ် (MMP) ဖြင့်လည်းကောင်း ကျင်းပဆောင်ရွက်မည်ဖြစ်ရာ
ပြည်သူ့လွှတ်တော်အတွက် မဲအများဆုံး ရသူအနိုင်ယူစနစ် (FPTP) ဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
၃၃၀၊ အမျိုးသားလွှတ်တော်အတွက် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ဖြင့်
ဆောင်ရွက်နိုင်ရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ခြောက်နယ်အပါအဝင် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ဖြင့် ကျင်းပမည့် မဲဆန္ဒနယ် ၈၄
နယ်၊ အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ကျင်းပမည့် မဲဆန္ဒနယ် ၂၆ နယ်၊ စုစုပေါင်းမဲဆန္ဒနယ်
၁၁၀၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအတွက် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်
(MMP) ဖြင့် ဆောင်ရွက်ရာတွင် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) ဖြင့် မဲဆန္ဒနယ် ၃၂၂
နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ကျင်းပမည့် မဲဆန္ဒနယ် ၄၂ နယ် စုစုပေါင်း
မဲဆန္ဒနယ် ၃၆၄ နယ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။
ရွေးကောက်ပွဲစနစ်များ
နိုင်ငံတကာတွင်
ကျင့်သုံးဆောင်ရွက်နေသည့် ရွေးကောက်ပွဲစနစ်များကို လေ့လာရာတွင် ရွေးကောက်ပွဲစနစ် လေးမျိုးကို
အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်သည်-
အထက်ပါရွေးကောက်ပွဲစနစ်များအနက်
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံတွင် မဲအများဆုံး ရသူအရွေးခံရသည့်စနစ် ကျင့်သုံးသည့်နိုင်ငံ
၇၄ နိုင်ငံ၊ အချိုးကျကိုယ်စားပြုစနစ် ၁၁၁ နိုင်ငံနှင့် အခြားစနစ်ကျင့်သုံးသည့်နိုင်ငံ
ရှစ်နိုင်ငံရှိကြောင်း အောက်ပါအတိုင်းတွေ့ရှိရပါသည်-
မြန်မာနိုင်ငံတွင်
ဆောင်ရွက်ခဲ့သည့် ရွေးကောက်ပွဲစနစ်များ
မြန်မာနိုင်ငံတွင်
ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲများမှာ ဗြိတိသျှကိုလိုနီခေတ် (၁၉၂၂-၁၉၄၇) ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲ
လေးကြိမ် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ဥပဒေပြုလွှတ်တော် နှစ်ရပ်ရှိပြီး အထက်လွှတ်တော်
(Senate)နှင့် အောက်လွှတ်တော် (House of Representatives) တို့ ပါဝင်ကြသည်။ အထက်လွှတ်တော်အမတ်
၃၆ ဦးပါဝင်၍ တစ်ဝက်ကို အစိုးရကခန့်အပ်ပြီး တစ်ဝက်ကို အောက်လွှတ်တော်က ရွေးချယ်တင်မြှောက်သည်။
အောက်လွှတ်တော်အမတ်များ ထဲမှ အချိုးကျကိုယ်စားလှယ် (PR) စနစ်ကို ကျင့်သုံးသည်။ လွတ်လပ်ရေးရပြီးခေတ်
(၁၉၄၈-၁၉၆၂) တွင် ရွေးကောက်ပွဲ သုံးကြိမ်ပြုလုပ်ခဲ့ပါသည်။ ရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူစနစ်
{First Past the Post (FPTP)}ကို ကျင့်သုံးခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ် (၁၉၆၂-
၁၉၈၈) တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်
ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။ ပါတီစုံဒီမိုကရေစီခေတ် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀
ပြည့်နှစ်အထိ အထွေထွေ ရွေးကောက်ပွဲ သုံးကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ သုံးကြိမ် ကျင်းပခဲ့ရာ
နိုင်သူအကုန်ယူစနစ်ကိုသာ ကျင့်သုံးခဲ့ကြောင်း တွေ့ရှိရပါသည်။
ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးရန်
ဆောင်ရွက်ခြင်း
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများကို အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးရန်နှင့်
ဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို လိုအပ်သလို ဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား
တိုက်တွန်းကြောင်းအဆိုကို ( ၃- ၆-၂၀၁၄ ) ရက်နေ့တွင် ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေး
သတ္တမမြောက်ရက်နေ့က တင်သွင်းခဲ့သည်။ အမျိုး သားလွှတ်တော်က ယင်းအဆိုကို မဲခွဲဆုံးဖြတ်ရာ
အဆိုအောင်မြင်ခဲ့ပြီး အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ်
(PR) ကျင့်သုံးရေးဆိုင်ရာအဆိုကို အကောင်အထည်ဖော်ရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်များလည်း
ရှိခဲ့ပါသည်။ အကောင်ထည်ဖော်ရေးကော်မရှင်၏ သုံးသပ်အကြံပြုချက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးက
ကျင့်သုံးလျက်ရှိသော ရွေးကောက်ပွဲစနစ်များကို လေ့လာဖော်ထုတ်ရာတွင် အလွှာစုံ၊ ဒေသစုံ၊
ပါတီစုံ၊ တွေးခေါ်မြော်မြင်မှုသဘောတရားအစုံနှင့် ပြည်သူတို့၏ဆန္ဒအစုံကို ကိုယ်စားပြုလျက်
အဓိပ္ပာယ် ပြည့်ဝပြီး မဲပေးရလွယ်ကူသော ရွေးကောက်ပွဲမျိုး ဖော်ဆောင်လျက် တည်ငြိမ်ပြီးစွမ်းရည်ရှိသော
အစိုးရမျိုးဖွဲ့စည်းနိုင်သည့် ရွေးကောက်ပွဲစနစ်မျိုးဖြစ်ရန် လိုအပ်ကြောင်း အကြံပြုခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ခြောက်ကြိမ်ပြုလုပ်
ခဲ့ကြောင်း၊ ၁၉၅၆ ခုနှစ် ပါလီမန်အထွေထွေ ရွေးကောက်ပွဲ ၁၉၆၀ ပြည့်နှစ် ပါလီမန်လွှတ်တော်
ရွေးကောက်ပွဲ၊ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနှင့် ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲတို့အား လေ့လာခဲ့ရာ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
အနိုင်ရသောမဲများ၏ ရာခိုင်နှုန်းနှင့် လွှတ်တော်အမတ်ရရှိမှုရာခိုင်နှုန်း အချိုးအစားမကျမှု
များပြား ခဲ့ခြင်းအပေါ် ရွေးကောက်ပွဲစနစ်ကြောင့် ဖြစ်သည် ဟု သုံးသပ်ခဲ့ကြပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မေလနှင့် အောက်တို ဘာလများတွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ၍
မြန်မာနိုင်ငံနှင့်သင့်လျော်ကိုက်ညီသည့် ရွေးကောက် ပွဲစနစ် ပြောင်းလဲကျင့်သုံးရေးကို
ဆွေးနွေးခဲ့ရာ နိုင်ငံရေးပါတီ ၅၃ ပါတီမှ ကိုယ်စားလှယ် ၉၃ ဦး၊ စိတ်ပါဝင်စားသူ ၂၀ စုစုပေါင်း
၁၁၃ ဦး တက်ရောက်ခဲ့ပြီး နိုင်ငံရေးပါတီ ၁၆ ပါတီက စာတမ်းများ တင်ပြခဲ့သည်။ ထိုစာတမ်းများတွင်
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးကိစ္စသည် တစ်မျိုးသားလုံး၏အကျိုးစီးပွားနှင့်သက်ဆိုင်သည့်အပြင်
နိုင်ငံတော်၏သမိုင်းကြောင်း၊ ဖြစ်ပေါ် တိုးတက်လာသည့် နိုင်ငံရေးဖြစ်စဉ်များနှင့်လည်း
သက်ဆိုင်နေကြောင်း၊ သမိုင်း၏တောင်းဆိုမှု အရ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသစ်ဆီသို့
အရောက်ချီတက်မည်ဆိုပါက ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးသည် မရှိမဖြစ်ဖြတ်ကျော်ရမည့်
အရေးကြီးသော အခန်းကဏ္ဍဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးမှသည် တစ်မျိုးသားလုံးသွေးစည်းညီညွတ်ရေးအတွက်
လွှတ်တော်အသီးသီးတွင် အားလုံးပါဝင်စေသောကိုယ်စားပြုမှုကို ဆောင်ရွက်ပေးရန်လိုကြောင်း၊
ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်သည့်
ရွေးကောက်ပွဲစနစ်ဖြစ်ပေါ်လာရေးကို ဆောင်ရွက်ရန် လိုအပ် နေပြီဖြစ်ကြောင်း ရွေးကောက်ပွဲစနစ်
ပြောင်းလဲကျင့်သုံးခြင်းဖြင့် ပါတီငယ်လေးများ၊ တိုင်းရင်းသား မျိုးနွယ်စုငယ်လေးများ
လွှတ်တော်တွင်း ဝင်ရောက်နိုင်မှုအခွင့်အရေး ပိုမိုရရှိလာနိုင်ခြင်း၊ မဲဆန္ဒရှင် တစ်ဦးချင်း၏
အခွင့်အရေးကို အာမခံနိုင်ခြင်း၊ မဲအဟောသိကံဖြစ်မှုမရှိနိုင်ခြင်း၊ ရွေးကောက်ပွဲများ
အပေါ် ပြည်သူစိတ်ဝင်စားမှုရှိလာပြီး မဲလာပေးမှု (Voter Turnout) ကောင်းလာနိုင်ခြင်း၊
အားလုံး ပါဝင်ဆောင်ရွက်မှု (All Inclusiveness) ပိုမိုရရှိ လာနိုင်ခြင်း၊ အမျိုးသမီးကိုယ်စားလှယ်
၃၀ ရာခိုင် နှုန်း ပါဝင်နိုင်ရေးကို လက်တွေ့ကျင့်သုံးလာနိုင်ခြင်း၊ ပါတီတစ်ခုတည်း၏
ကြီးစိုးလွှမ်းမိုးမှုကို လျှော့ချနိုင်ခြင်းစသည့် အကျိုးစီးပွားများကို ရရှိလာနိုင်ကြောင်း၊
ရွေးကောက်ပုံစံသစ်ကို အရေးပေါ်ကာလလုပ်ငန်းတာဝန်များ ပြီးဆုံးပြီးနောက် ကျင်းပမည့် ရွေးကောက်ပွဲတွင်
စတင်အသုံးပြုနိုင်အောင် ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ရောနှောထားသောကိုယ်စားလှယ်အချိုးကျ
Mixed Member Proportional (MMP) စနစ်
MMP စနစ် အသုံးပြုရခြင်း၏
ရည်ရွယ်ချက်သည် အလုံးစုံအချိုးညီမျှမှုရှိစွာ ဆောင်ရွက်နိုင်ရန် အတွက်ဖြစ်ရာ မတူညီသည့်
ရွေးကောက်ပွဲစနစ်နှစ်ခုအား တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားရပေသည်။ အများစုကိုယ်စားပြုမှု
(Majoritarian) ရလဒ်အား မဲအများဆုံးရသူအနိုင်ယူစနစ် FPTP ဖြင့် ဦးစွာ အတည်ပြုရွေးချယ်ပေးပြီး
ယင်းနောက် ပါတီကိုယ်စားပြုရွေးချယ်မှုအား အချိုးကျကိုယ်စားပြု စနစ်(PR)ဖြင့် အချိုးညီမျှမှုရှိစွာ
ဆက်လက်ဆောင်ရွက်သည်။ FPTP စနစ်နှင့် PR စနစ်ကို ပေါင်းစပ် အသုံးပြုထားခြင်းဖြစ်သည်။
မဲဆန္ဒရှင်များက ကိုယ်စားလှယ် (Constituency Vote) အတွက် FPTP ဖြင့် မဲပေးပြီးပါတီ
(Party Vote) အတွက် PR ဖြင့် မဲပေးရခြင်းဖြစ်သည်။ ပါတီများ၏ ကိုယ်စား လှယ်နေရာခွဲဝေမှုမှာ
FPTP ဖြင့် အနိုင်ရထားသည့် ကိုယ်စားလှယ်နေရာများကို ထည့်တွက်ပြီး PR စနစ်ဖြင့် အချိုးကျတွက်ချက်ခွဲဝေသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် MMP စနစ် ကျင့်သုံးသည့်နိုင်ငံ ခုနစ်နိုင်ငံရှိကြောင်း
လေ့လာတွေ့ရှိရသည်။
မြန်မာနိုင်ငံ
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်
ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် ပြည်သူ့လွှတ်တော်အတွက်
မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ဖြင့် လွှတ်တော်ကိုယ်စားလှယ် ၃၃၀၊ အမျိုးသားလွှတ်တော်အတွက်
ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် Mixed Member Proportional (MMP) စနစ်ဖြင့်
လွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အတွက် ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ်
Mixed Member Proportional (MMP) စနစ်ဖြင့် မြို့နယ်တစ်မြို့နယ်လျှင် ကိုယ်စားလှယ်နှစ်ဦးကျစီဖြင့်
ရွေးချယ် ရမည်ဖြစ်သည်။ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တို့တွင်
ဆောင်ရွက်မည့်စနစ်မှာ Mixed Member Proportional (MMP) စနစ်ဖြစ်ပြီး FPTP စနစ်နှင့်
PR စနစ်တို့ကို ပေါင်းစပ်၍ ဆောင်ရွက်ခြင်း ဖြစ်သည်။
အမျိုးသားလွှတ်တော်အတွက်
တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုလျှင် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး ရွေးကောက်တင်မြှောက်ရမည်ဖြစ်ရာ
တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုလုံးကို ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအပါအဝင်
FPTP မဲဆန္ဒနယ် ခြောက်နယ် သတ်မှတ်ပြီး ကိုယ်စားလှယ်တစ်ဦးကျစီဖြင့် ခြောက်ဦးကို
FPTP စနစ်ဖြင့် ဦးစွာ ရွေးကောက် တင်မြှောက်ရပါမည်။ ထို့နောက် မြို့နယ်အရေအတွက်နှင့်
လူဦးရေအချိုးတို့အရ PR မဲဆန္ဒနယ် များကိုသတ်မှတ်ပြီး FPTP မဲဆန္ဒနယ်များမှ ပါတီကိုယ်စားပြုကိုယ်စားလှယ်များ
ရရှိသည့်မဲများကို ပါတီအသီးသီးက ရရှိသည့်မဲများအဖြစ် သတ်မှတ်၍ PR မဲဆန္ဒနယ်များအတွက်
ကိုယ်စားလှယ် ခြောက်ဦးကို အချိုးကျကိုယ်စားပြုစနစ် (Closed List PR) စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခြင်း
ဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးကို
ရွေးချယ်ပေးရမည်ဖြစ်သည်။ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်
လျှင် ကိုယ်စားလှယ်နှစ်ဦး ရွေးကောက်တင်မြှောက်ရမည်ဖြစ်ရာ ကိုယ်စားလှယ်တစ်ဦးအား FPTP
စနစ်ဖြင့်လည်းကောင်း၊ ကျန်ကိုယ်စားလှယ်တစ်ဦးအား (Closed List PR) စနစ်ဖြင့် လည်းကောင်း
ရွေးကောက်တင်မြှောက်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိ မြို့နယ်များကို
မြို့နယ် တစ်မြို့နယ်တွင် FPTP မဲဆန္ဒနယ်တစ်နယ် သတ်မှတ်၍ ကိုယ်စားလှယ်တစ်ဦးစီကို ဦးစွာ
ရွေးချယ် တင်မြှောက်ရမည်။ ထို့နောက် မြို့နယ်အရေအတွက်နှင့် လူဦးရေအချိုးတို့အရ PR မဲဆန္ဒနယ်များကို
သတ်မှတ်ပြီး FPTP မဲဆန္ဒနယ်များမှ ပါတီကိုယ်စား ပြုကိုယ်စားလှယ်များရရှိသည့်မဲများကို
ပါတီ အသီးသီးက ရရှိသည့်မဲများအဖြစ် သတ်မှတ်၍ PR မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်တစ်ဦး
ကို အချိုးကျကိုယ်စားပြုစနစ် (Closed List PR) စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခြင်းဖြစ်သည်။
အထက်ပါအတိုင်းမတူညီသော ရွေးကောက်ပွဲစနစ် နှစ်ခုကို ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့်
MMP စနစ် သည် FPTP စနစ်၏ အားသာချက်များနှင့် PR စနစ်၏ အချိုးညီမျှမှုများကို တစ်ပေါင်းတည်းရရှိနိုင်မည်
ဖြစ်ပါသည်။
အီတလီနိုင်ငံ
အီတလီနိုင်ငံ
ပါလီမန်ကို အောက်လွှတ်တော်နှင့် အထက်လွှတ်တော်ဟူ၍ လွှတ်တော်နှစ်ရပ်ဖြင့် ဖွဲ့စည်းထားသည်။
လွှတ်တော်နှစ်ရပ်လုံး၏ ရွေးကောက်ပွဲကို Mixed System အသုံးပြု ရွေးကောက် တင်မြှောက်သည်။
အောက်လွှတ်တော်ကို ကိုယ်စားလှယ် ၄၀၀ ဖြင့် ဖွဲ့စည်းထားပြီး ကိုယ်စားလှယ် စုစုပေါင်း၏
၃၇ ရာခိုင်နှုန်းဖြစ်သည့် ၁၄၇ နေရာ ကို FPTP စနစ်ဖြင့်လည်းကောင်း၊ ၆၃ ရာခိုင်နှုန်း
ဖြစ်သည့် ၂၅၃ နေရာကို PR စနစ်ဖြင့်လည်းကောင်း ရွေးကောက်တင်မြှောက်သည်။ အောက် လွှတ်တော်ရွေးကောက်ပွဲတွင်
မဲဆန္ဒရှင်တစ်ဦးလျှင် ဆန္ဒမဲလက်မှတ်တစ်စောင်ဖြင့် ဆန္ဒပြုမဲပေး ရမည်ဖြစ်သည်။ အဆိုပါ
ဆန္ဒမဲလက်မှတ်တွင် ကိုယ်စားလှယ်အမည်နှင့် ပါတီအမည် ပါဝင်မည် ဖြစ်ရာ မဲဆန္ဒရှင် ဆန္ဒပြုရွေးချယ်လိုက်သည့်
ကိုယ်စားလှယ်လောင်းသည် FPTP စနစ်ဖြင့် မဲဆန္ဒ နယ်အလိုက် ကိုယ်စားလှယ်များ ရွေးချယ်မှုတွင်
ထည့်သွင်းတွက်ချက်သွားမည်ဖြစ်ပြီး ယင်း ကိုယ်စားလှယ်လောင်းကိုယ်စားပြုသည့် ပါတီ သည်
PR စနစ်ဖြင့် ပါတီကိုယ်စားပြုစာရင်းတွင် ထည့်သွင်းတွက်ချက်သွားမည်ဖြစ်သည်။ စနစ်
နှစ်မျိုးဖြင့် ကိုယ်စားလှယ်များ ရွေးချယ်မှုသည် သီးခြားစီ တွက်ချက်ရွေးချယ်သွားခြင်းဖြစ်သည်။
ဟန်ဂေရီနိုင်ငံ
ဟန်ဂေရီနိုင်ငံတွင်
အမျိုးသားလွှတ်တော် (National Assembly) ဟုခေါ်သော လွှတ်တော် တစ်ရပ်သာရှိသည်။ အမျိုးသားလွှတ်တော်
(National Assembly) တွင် ကိုယ်စားလှယ် ၁၉၉ ဦး ရှိပြီး မဲဆန္ဒနယ်ကိုယ်စားပြုကိုယ်စားလှယ်
၁၀၆ ဦးနှင့် လူမျိုးစုကိုယ်စားပြုကိုယ်စားလှယ် ၉၃ ဦး တို့ပင်ဖြစ်သည်။ မဲဆန္ဒနယ်ကိုယ်စားပြု
ကိုယ်စားလှယ်များ FPTP စနစ် အသုံးပြုရွေးကောက်တင် မြှောက်ပြီး လူမျိုးစုကိုယ်စားပြုကိုယ်စားလှယ်များကို
Closed List PR အသုံးပြု ရွေးကောက်တင်မြှောက် သည်။ မဲဆန္ဒရှင်တစ်ဦးလျှင် ဆန္ဒမဲလက်မှတ်
နှစ်စောင်ဖြင့် ဆန္ဒပြုရသည်။ ပထမမဲ (First Vote) သည် မဲဆန္ဒနယ်ကိုယ်စားပြုကိုယ်စားလှယ်
၁၆၆ ဦးအတွက်ဖြစ်ပြီး ဒုတိယမဲ (Second Vote) သည် နိုင်ငံရေးပါတီနှင့် လူမျိုးစုကိုယ်စားပြု
ကိုယ်စားလှယ် ၉၃ ဦးအတွက်ဖြစ်သည်။ Threshold သတ်မှတ်ချက်အနေဖြင့် ပါတီတစ်ပါတီသည် ပါတီခိုင်လုံမဲအနည်းဆုံး
ငါးရာခိုင်နှုန်း၊ ပူးတွဲပါတီ နှစ်ပါတီဖြစ်ပါက ခိုင်လုံမဲ ၁၀ ရာခိုင်နှုန်း၊ ပူးတွဲပါတီ
သုံးပါတီဖြစ်ပါက ခိုင်လုံမဲ ၁၅ ရာခိုင်နှုန်းရရှိမှသာလျှင် လွှတ်တော်တွင်းကိုယ်စားလှယ်နေရာ
ရရှိခွင့်ရှိမည်ဖြစ်သည်။ ကိုယ်စားလှယ်နေရာ ခွဲဝေ သတ်မှတ်ရာတွင် D'Hondt method အသုံးပြု၍
ခွဲဝေသတ်မှတ်သည်။
MMP စနစ်သည် တရားမျှတမှု၊
တိုင်းရင်းသား လူနည်းစုပါဝင်မှု၊ အစိုးရတည်ငြိမ်မှု၊ ပါတီငယ် များ ပါဝင်နိုင်မှု အားသာချက်များရှိကြောင်း
တွေ့ရှိရသည်။ FPTP စနစ်၏အားသာချက်မှာ ရိုးရှင်းပြီး တည်ငြိမ်သည့်အစိုးရဖွဲ့စည်းနိုင်သည်။
အားနည်းချက်အနေဖြင့် အဟောသိကံဖြစ်သောမဲများ ပါဝင်ပြီး ပါတီငယ်များအတွက် ကိုယ်စားလှယ်ရရှိမှု
နည်းပါးသည်။ PR စနစ်၏အားသာချက်မှာ မဲဆန္ဒ ရှင်များအတွက် ကိုယ်စားပြုမှု ပိုမိုမျှတပြီး
လူနည်းစု တိုင်းရင်းသားပါတီငယ်များ အခွင့်အရေး ပိုမိုရရှိ သည်။ အားနည်းချက်အနေဖြင့်
ညွန့်ပေါင်းအစိုးရများ ဖြစ်ပေါ်နိုင်ပြီး လွှတ်တော်အတွင်း ဆုံးဖြတ်ချက်ချရန် နှောင့်နှေးမှုများရှိလာနိုင်သည်။
MMP စနစ်၏ အားသာချက်မှာ FPTP စနစ်၏ရိုးရှင်းမှုနှင့် PR စနစ်၏မျှတမှုတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
ဒေသဆိုင်ရာကိုယ်စားပြုမှုနှင့် ပါတီအချိုးကျ ကိုယ်စားပြုမှုတို့ကို ဟန်ချက်ညီစေသည်။
အားနည်း ချက်အနေဖြင့် စနစ်မှာ အနည်းငယ်ရှုပ်ထွေးပြီး မဲရေတွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ
ရှိလာ နိုင်သည်။
နိဂုံး
မြန်မာနိုင်ငံသည်
တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့်နိုင်ငံဖြစ်သည့်အပြင် နိုင်ငံရေး ပါတီများမှာလည်း
တစ်နိုင်ငံလုံးစည်းရုံးမည့် ပါတီကြီးများအပြင် ဒေသတွင်းစည်းရုံးသည့် ပါတီများ၊ တိုင်းရင်းသားလူမျိုးစုပါတီများ၊
နိုင်ငံရေးခံယူချက်ဖြင့် ဖွဲ့စည်းသည့်ပါတီများ၊ ပါတီအရေအတွက် စုံလင်များပြားစွာဖြင့်
ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပါသည်။ သို့ဖြစ်၍
MMP စနစ်သည် အထက်ပါသုံးသပ်ချက်များအရ မြန်မာနိုင်ငံအတွက် အသင့် လျော်ဆုံး စနစ်ဖြစ်ကြောင်း
တွေ့ရှိရမည်ဖြစ်ပါသည်။ FPTP နှင့် Constituency Vote များ အပေါ် တွင် အခြေတည်ထားသည့်အတွက်
တည်ငြိမ်သော အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်မှုမြင့်မားခြင်း၊ PR စနစ် အပေါ်တွင် အခြေခံထားသောကြောင့်
ပါတီကြီးများအပြင် တိုင်းရင်းသားပါတီများ ပါဝင်ခွင့်ရှိခြင်း၊ လူပုဂ္ဂိုလ် (ပါတီကိုယ်စားလှယ်)
နှင့် ပါတီကို မဲပေးဆောင်ရွက်ရသဖြင့် ပြည်သူ့စိတ်ကြိုက် ရွေးချယ် တင်ပြနိုင်ခြင်း၊
ပြည်သူရွေးချယ်မှုအရ တန်ဖိုးရှိ သော ကိုယ်စားလှယ်/ပါတီများ လွှတ်တော်များ တွင် ကိုယ်စားပြုမှုရရှိခြင်း၊
တစ်နိုင်ငံလုံးစည်းရုံးဆောင်ရွက်မည့်ပါတီများအပြင် တိုင်းရင်းသားပါတီ များ၊ နယ်မြေအခြေစိုက်ပါတီများ
ပြည့်စုံစွာပါဝင်နိုင်သဖြင့် နိုင်ငံရေးပါဝင်မှု တိုးမြှင့်စေခြင်းတို့အပြင် မဲဆန္ဒရှင်ပြည်သူများ၏
အခွင့်အရေးများ နစ်နာမှုမရှိစေနိုင်သည့် အကျိုးကျေးဇူးများရှိသဖြင့် ကျင်းပပြုလုပ်မည့်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်လွှတ်တော်များ၌ Mixed Member Proportional (MMP) စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပခြင်းကို
ကြိုဆိုလိုက်ရပါသည်။ ။
No comments:
Post a Comment