Thursday, September 11, 2025

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၅) ကျင်းပ

ပဲခူး စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (/၂၀၂၅) ကျင်းပပြုလုပ်သည်။








ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်သူလူထု၏ လူမှုစီးပွားရေးဘဝများ အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်ရေးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသည် အထိရောက်ဆုံးနှင့် အခြေခံကျသည့်လုပ်ငန်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြည်စုံကောင်းမွန်ရန်လိုအပ်မှာဖြစ်ပြီး မွေးမြူရေးနှင့်ပတ်သက်၍ ဒေသနှင့် ကိုက်ညီပြီး ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်သည့် ဒေသတွင်းမျိုးကောင်းမျိုးသန့်များကို ရွေးချယ်မွေးမြူသွားရမှာဖြစ်ကြောင်း၊ ရေကြီးရေနက်ကွင်းရှိ လယ်မြေများအား ရေလျော့ထုတ်ပေးနိုင်ပါက မိုးကောင်းသောက်လယ်မြေများအဖြစ် ပြောင်းလဲနိုင်ပြီး သီးနှံထပ်စွမ်းအား တိုးတက်လာမှာဖြစ်ကြောင်း၊ ပြည်ပသို့ တင်ပို့သည့်သီးနှံများတွင်သုံးစွဲသည့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများနှင့် ပတ်သက်၍ သေချာဆန်းစစ်သုံးစွဲရန်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ အစားအစာဘေးကင်းလုံခြုံစေရေး အသိပညာပေးခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သွင်းအားစုဓါတ်မြေဩဇာများ လျော့ချသုံးစွဲနိုင်ရေးနှင့် သဘာဝအတိုင်း မြေဆီဩဇာပြန်လည်ကြွယ်ဝစေရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)အား ဒေသအလိုက်သတ်မှတ်ဧကအတိုင်း အပြည့်အဝစိုက်ပျိုးသွားရမှဖြစ်ကြောင်း၊ မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ဒေသတွင်း အားကစားကဏ္ဍမြှင့်တင်ပေးနိုင်ရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ဖော်ထုတ်နိုင်ရေး ခရိုင်/မြို့နယ်အလိုက် အားကစားနည်းအလိုက် အားကစားပွဲများ ကျင်းပသွားရန်နှင့် ထိုက်ထိုက်တန်တန်ချီးမြှင့်ခြင်းများ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အောက်တိုဘာလ()ရက်နေ့တွင် ပဲခူးမြို့၌ ကျင်းပမည့် ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ်သည့် လယ်ယာသုံးစက်ကိရိယာနှင့် MSME ထုတ်ကုန်များ၏ ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်၌ မြို့နယ်အလိုက် လာရောက်ယှဉ်ပြိုင်ပြသနိုင်ရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည့်ဈေးကွက်ရရှိရေးကို ပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေများနှင့် အချိန်စေ့ချေးငွေများ အပြည့်အဝပြန်လည်ကောက်ခံရရှိရေး ကြိုးစားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးများက ဒေသတွင်းလူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းအကြံပြုတင်ပြဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၏ တင်ပြချက်များနှင့် ပတ်သက်၍ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME ဖွံ့ဖြိုးတိုးတက်စေရေး၊ စားရေရိက္ခာဖူလုံစေရေး လအလိုက်တိုးချဲ့ဆောင်ရွက်သွားရမည့် လိုအပ်ချက်များအား အသေးစိတ်ဖြည့်စွက်ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)

 

 

No comments:

Post a Comment