နေပြည်တော် စက်တင်ဘာ ၂၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာ မာဇီယဒ်မိုဟာမက်မာဇီယဒ် အယ်လ်ဟိုဝီရှန်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ဆော်ဒီအာရေဗျအစိုးရ၏ အဆိုပြုချက်ကို သဘောတူပြီးဖြစ်သည်။
မစ္စတာ
မာဇီယဒ်မိုဟာမက် မာဇီယဒ်အယ်လ်ဟိုဝီရှန်ကို ၁၉၈၀ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင်
မွေးဖွားခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့ရှိ ကင်းဆော့ဒ်တက္ကသိုလ်မှ
ဥပဒေဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ကို ၂၀၀၂ ခုနှစ်တွင်လည်းကောင်း၊ အီဂျစ်နိုင်ငံ၊
အလက်ဇန္ဒရီးယားမြို့ရှိ အလက်ဇန္ဒရီးယားတက္ကသိုလ်မှ နိုင်ငံတကာဥပဒေဘာသာရပ်ဖြင့်
မဟာဘွဲ့ကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်းရရှိခဲ့သည်။
မစ္စတာ
မာဇီယဒ်မိုဟာမက် မာဇီယဒ်အယ်လ်ဟိုဝီရှန် သည် ၂၀၀၄ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ
ဆော်ဒီအာရေဗျနိုင်ငံ၊ အာရှနိုင်ငံများဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးရုံးတွင် သံအရာရှိအဖြစ်လည်းကောင်း၊၂၀၀၅
ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံရုံးတွင်
ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ
ဆီးရီးယားနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံရုံးတွင် ပထမအတွင်းဝန်အဖြစ်လည်းကောင်း၊
၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆော်ဒီအာရေဗျနိုင်ငံ၊ သံတမန်ရေးရာကောင်စီ၏ ဒုတိယအတွင်းရေးမှူးအဖြစ်လည်းကောင်း
တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် ၂၀၂၁ ခုနှစ်မှစ၍ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျကောင်စစ်ဝန်ချုပ်အဖြစ်
တာဝန်ထမ်းဆောင်လျက်ရှိသည်။
မစ္စတာ
မာဇီယဒ်မိုဟာမက် မာဇီယဒ်အယ်လ်ဟိုဝီရှန်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သားသမီးသုံးဦးထွန်းကားသည်။
သတင်းစဉ်
No comments:
Post a Comment