နေပြည်တော် စက်တင်ဘာ ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၏ (၃၃) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် ဂုဏ်ပြုဆုရရှိသည့် ဝန်ထမ်းများ တက်ရောက်သည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နှစ်ပတ်လည်နေ့အခမ်းအနားကို
နှစ်စဉ်ကျင်းပပေးရခြင်းမှာ မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် လုပ်သက်နှစ်
၃၀ အထိ တာဝန်ကျေပွန်စွာထမ်းဆောင်မှု၊ လုပ်ငန်းစွမ်းဆောင်ရည်ထူးချွန်မှု၊
မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့သည့်ကာလအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ၌ ပါဝင်ထမ်းဆောင်မှု၊
သင်တန်းများတွင် ထူးချွန်စွာဆောင်ရွက်နိုင်မှု၊ မွေးမြူရေးလုပ်ငန်းများ
အောင်မြင်အောင် ဆောင်ရွက်နိုင်မှု၊ ရုံးခန်း၊ ရုံးပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်
ပန်းအလှပင်များ စိုက်ပျိုးဆောင်ရွက်နိုင်မှု၊ အားကစားထူးချွန်မှု၊ သုံးနှစ်တာကာလအတွင်း
ခွင့်ခံစားခြင်းမရှိမှု၊ ၂၅ ကြိမ်နှင့်အထက် သွေးလှူဒါန်းမှု၊ ပြည်ပစာတမ်းဖတ်ကြားမှုများနှင့်
အထိမ်းအမှတ်ပြိုင်ပွဲများတွင် ထူးချွန်စွာဆောင်ရွက်နိုင်မှု၊
ရုံးလုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မှု၊ ဝန်ထမ်းအိမ်ရာများတွင်
သန့်ရှင်းရေးနှင့် စိုက်ပျိုးရေးဆောင်ရွက်နိုင်မှုတို့ကို ဂုဏ်ပြုဆုများ ချီးမြှင့်နိုင်ရေးအတွက်
ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း။
နှစ်ပတ်လည်နေ့အခမ်းအနား၌
ဝန်ထမ်းများ စိတ်အပန်းပြေပျော်ရွှင်စေရန်အတွက် ဗလာမပါကံစမ်းမဲဖွင့်ဖောက်ခြင်းကိုလည်း
ထည့်သွင်းပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်
ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူများအတွက်
စေတနာထားရှိပြီး ရိုးသား၊ ကြိုးစား၊ သစ္စာရှိပြီး အားထားရသည့် ဝန်ထမ်းကောင်းများအဖြစ်
ကျရာအခန်းကဏ္ဍအသီးသီး၌ စည်းလုံးညီညွတ်ပျော်ရွှင်စွာဖြင့် ဝိုင်းဝန်းလက်တွဲပြီး
ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာနှင့် စွမ်းရည်တို့ကို မြှင့်တင်၍ ဆက်လက်အောင်မြင်အောင်
ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်
ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား
ရေးမှူးချုပ်များက ဌာနအလိုက် ဂုဏ်ပြုဆုရရှိသူများ၊ ကံစမ်းမဲပေါက်ခဲ့ကြသည့်
ဝန်ထမ်းများကို ဂုဏ်ပြုဆုများနှင့် ဆုမဲပစ္စည်းများကို လက်ဝယ်အရောက်ပေးအပ်ကာ ဆုရရှိသူတစ်ဦးက
ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment