ရန်ကုန် စက်တင်ဘာ ၁၁
၁၅၀၀ ပြည့်နှစ် တမန်တော်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Sky Star Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန
ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေး
မှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်သံရုံးမှ သံရုံး (ယာယီ)
တာဝန်ခံ Dr.Ahmed Abdallah Mahmoud Atiya EitahIawy၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေး (ဗဟို) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်များ၊
ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ၁၅၀၀ ပြည့်နှစ် တမန်တော်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဝင်များနှင့်
ဘာသာဝင်များ တက်ရောက်ကြသည်၊၊
ဦးစွာ ၁၅၀၀ ပြည့်နှစ်
တမန်တော်နေ့အခမ်းအနားအား အခမ်းအနားကျင်းပရေးဗဟိုကော်မတီဝင် အလ်ဟာဂျ် မောင်လာနာကာရီအဗ်ဒုလ္လာဟ်က
ကုရ်အာန်ကျမ်းမြတ်ရွတ်ဖတ်၍ ဖွင့်လှစ်ပြီး ဗဟို ကော်မတီဥက္ကဋ္ဌဟာဂျီ ဦးကျော်ခင်က နှုတ်ခွန်းဆက်စကားပြောကြားသည်၊၊
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာကို ဒုတိယဝန်ကြီး ဦးအေးထွန်းက
ဖတ်ကြားပြီး ဗဟိုကော်မတီဝင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာအီဂျစ်သံရုံးမှ
သံရုံး (ယာယီ) တာဝန်ခံ Dr.Ahmed Abdallah Mahmoud Atiya EitahIawy က ၁၅၀၀ ပြည့်နှစ်
တမန်တော်နေ့အခမ်းအနား ကျင်းပခြင်းအပေါ် ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြား၍ ဗဟိုကော်မတီဝင်တို့က
တမန်တော်မြတ်၏ ဘဝဖြစ်စဉ်ကို ဟောပြောတင်ပြပြီး အစ္စလာမ်သာသနာ့စာပေ မှတ်ကျောက်တင်ပြိုင်ပွဲတွင်
ပထမဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ကာ ၁၅၀၀ ပြည့်နှစ် တမန်တော်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီနာယကတို့
က ကျေးဇူးတင်စကားပြောကြားပြီး ဆုတောင်း မေတ္တာပို့သကြကြောင်း သိရသည်၊၊
သတင်းစဉ်
No comments:
Post a Comment