ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှအကြီးအကဲများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့်အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
(အမျိုးသား)
သုံးယောက်တွဲအဖွဲ့လိုက် တတိယလုပွဲပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းက
ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲပွဲစဉ်တွင်
စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး) သုံးယောက်တွဲ အဖွဲ့လိုက်
တတိယလုပွဲပွဲစဉ်တွင် မကွေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊
ဗိုလ်လုပွဲပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးကို
နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။
၂၀၂၅
ခုနှစ် ဩဂုတ်လ ၅ ရက်နေ့နံနက် ၉ နာရီမှစတင်၍ (အမျိုးသား) လေးယောက်တွဲ အဖွဲ့လိုက်
အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းနှင့်
မကွေးတိုင်းဒေသကြီး အသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊
ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့်
ကယားပြည်နယ်အသင်း၊ ကရင်ပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့်
တနင်္သာရီတိုင်းဒေသကြီးအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊
(အမျိုးသမီး)လေးယောက်တွဲ အဖွဲ့လိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မကွေးတိုင်းဒေသကြီးအသင်းနှင့်
စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊
ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊
စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့
ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အုပ်စုပတ်လည် ပြိုင်ပွဲပွဲစဉ်များအပြီးတွင် ကွာတားဖိုင်နယ်ပြိုင်ပွဲပွဲစဉ်များကို
ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို
၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၊
ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ၌ ကျင်းပပြုလုပ်လျက်ရှိပြီး အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့်
မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
အောင်မြင့်
(ပြန်/ဆက်)



No comments:
Post a Comment