အင်းစိန် ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်
ဦးစိုးသိန်းသည် ဩဂုတ် (၈)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ
ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၄)တွင်
လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့လက်ခံတွေ့ဆုံစဉ်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက လွတ်လပ်ပြီးတရားမျှတသော
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်ကျင်းပနိုင်ရေး လိုအပ်သည့်အပိုင်းများ၌
ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပြီးနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များက ဆောင်ရွက်နေသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်
ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို
ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
No comments:
Post a Comment