Tuesday, July 22, 2025

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ Container House များသို့ ယာယီပြောင်းရွှေ့နေထိုင်နေမှုများအား ကြည့်ရှုစစ်ဆေး



နေပြည်တော် ဇူလိုင် ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းစိုးနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအနီး ထိန်းသိမ်းဧရိယာ၌ ငလျင်ဘေးသင့် ဝန်ထမ်းအိမ်ထောင်စု ၈၈ စု ယာယီနေထိုင်ရန်အတွက် တပ်ဆင်တည်ဆောက်ပြီးစီးပြီဖြစ်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခွဲဝေချထားပေးသည့် Con-tainer House ၈၈ လုံးသို့ ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်မှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက Container House များသို့ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပြောင်းရွှေ့နေထိုင်မှုကို လှည့်လည်ကြည့်ရှုပြီး ဝန်ထမ်းများအနေဖြင့် Con-tainer House များအတွင်း ထုတ်ပြန်ထားရှိသည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျနေထိုင်သွားရန်၊ ရေ၊ မီး၊ မိလ္လာစနစ်များကို စနစ်တကျသုံးစွဲကြရန်နှင့် ယာယီနေထိုင်စဉ်ဧရိယာအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်တို့ကို မှာကြားကာ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးသည်။

ဖြည့်ဆည်းဆောင်ရွက်ပေး

ယင်းနောက် ဥက္ကဋ္ဌသည် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ချက်ပြုတ်စားသောက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးတပ်ဆင်ထားရှိမှု၊ ရေချိုးခန်း၊ အိမ်သာများ စနစ်တကျဆောင်ရွက်ထားရှိမှု၊ စွန့်ပစ်ပစ္စည်းများအား အမျိုးအစားလေးမျိုးခွဲ၍ စနစ်တကျစွန့်ပစ်နိုင်ရေးဆောင်ရွက်ထားရှိမှု၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖောက်လုပ်ထားရှိမှု၊ Container House ပတ်လမ်းများ ဖောက်လုပ်ထားရှိမှုနှင့် ဘေးအန္တရာယ်ကင်းစွာ နေထိုင်နိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                       

သတင်းစဉ်

No comments:

Post a Comment