အင်းစိန် ဇူလိုင် ၇
၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဝင်များနှင့် ဖူဆယ်ဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ
အားကစားဆိုသည်မှာ နိုင်ငံတော်ကိုချစ်သည့်စိတ်ဖြင့် စည်းလုံးညီညွတ်မှုကို
ဖြစ်ပေါ်စေပြီး အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို
မြှင့်တင်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အားကစားနှင့်ပတ်သက်သည့်
အခန်းကဏ္ဍများသည် လူငယ်များ အထူးစိတ်ပါဝင်စားကြောင်း၊ လူငယ်တွေ၏ လူနေမှုဘဝများကို
အားကစားကပင် ပြုပြင်ပြောင်းလဲပေးနိုင်သည်ကိုလည်း တွေ့ရှိရပါကြောင်းနှင့်
အားကစားလူငယ်များအနေဖြင့် ပြိုင်ပွဲမှတစ်ဆင့် ထူးချွန်ထက်မြတ်ပြီး
နိုင်ငံတော်မှအားထားရမည့် နိုင်ငံဂုဏ်ဆောင် ဖူဆယ်အားကစားသများကောင်းများ ဖြစ်လာစေရန်
ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် စသည်တို့ကို ပြောကြားသည်။
ထို့နောက်
ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုပြီး
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က
ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ဆက်လက်၍
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ပထမပွဲစဉ်
ကျောက်တံတားခရိုင်အသင်းနှင့် အလုံခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား
ကြည့်ရှုအားပေးသည်။
ယင်းနောက်
ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး
အဆိုပါပြိုင်ပွဲများကို (၁၄)သင်းဖြင့် ဒီကနေ့ ဇူလိုင်လ(၇)ရက်နေ့မှ
ဇူလိုင်လ(၁၁)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
No comments:
Post a Comment