အင်းစိန်
ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးမှ ကြီးကြပ်ဖွင့်လှစ်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အခြေခံသင်တန်း(၄)မျိုး အပတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက THE ERAVATI SULE GRAND YANGON ရှိ GRAND BALLROOM တွင်ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ
တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း
စနစ်တကျရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရေးပါသောလုပ်ငန်းစဉ်တစ်ခုဖြစ်သည့်
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝန်ကြီးဌာန၏
ခွင့်ပြုရန်ပုံငွေဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏
ခွင့်ပြုရန်ပုံငွေဖြင့်လည်းကောင်း၊ ဘဏ္ဍာနှစ်အလိုက်
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည်
ဝန်ဆောင်မှုကိုအခြေခံသော Service Oriented Industry ဖြစ်သည်နှင့်အညီ လုပ်ငန်းကဏ္ဍ၏
အောင်မြင်ခြင်း၊ ကျရှုံးခြင်းတို့သည် ဧည့်သည်များကို မိမိတို့ပေးသည့်ဝန်ဆောင်မှု၏
အရည်အသွေးပေါ်တွင် များစွာမူတည်နေပါကြောင်းနှင့် ယခု လေ့ကျင့်သင်ကြားရေးနှင့်ဖွံ့ဖြိုးမှုအစီအစဉ် Training and Development Programs များသည် ဝန်ထမ်းများ၏
နေ့စဉ်လုပ်ဆောင်နေကြ လုပ်ငန်းတာဝန်များကို ယုံကြည်မှုရှိရှိဖြင့်
တာဝန်ခံဆောင်ရွက်နိုင်စေရန် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း
စသည်တို့ကိုပြောကြားပြီး မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်း(၄)မျိုးဖြစ်သည့်
ဧည့်ကြိုသင်တန်းတွင် သင်တန်းသား (၃၆)ဦး၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းတွင်
သင်တန်းသား (၃၄)ဦး၊ အစားအသောက်နှင့်အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးသင်တန်းတွင်
သင်တန်းသား (၄၀)ဦး၊ အစားအသောက်နှင့် အဖျော်ယမကာထုတ်လုပ်ရေးသင်တန်းတွင် သင်တန်းသား
(၃၀)ဦး၊ စုစုပေါင်းသင်တန်းသား (၁၄၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ
(၇-၇-၂၀၂၅) ရက်နေ့မှ (၁-၈-၂၀၂၅) ရက်နေ့အထိ ရက်သတ္တပတ် (၄)
ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို
(ပြန်/ဆက်)
No comments:
Post a Comment