နေပြည်တော် ဇူလိုင် ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်နှင့် တပ်ကုန်းမြို့နယ် သံလွင်လမ်း၊ ပုဗ္ဗသီရိ-တပ်ကုန်းလမ်းနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းအတွင်းရှိ ဆင်သေချောင်းဘေး ဝဲ/ယာ လယ်ယာမြေများပေါ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီပြည့် သီးနှံစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေ ပိုမိုရရှိနိုင်ရေး ကွင်းဆင်းဆောင်ရွက်သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆင်သေဆည်ရေသောက်စနစ် လက်ယာတူးမြောင်းမကြီးပေတိုင် ၁၀၈၅၅၀ သို့ ရောက်ရှိရာ တာဝန်ရှိသူများက ဆိုလာစက်ရေ တွင်းများ တူးဖော်မည့်အခြေအနေများနှင့် အနိမ့်တင်ဆိုလာများတပ်ဆင်၍ ရေတင်စနစ်ဖြင့် ဧကတိုးတက်ရေပေးဝေမည့် အခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လက်ရှိရေပေးဝေရန် စီစဉ်နေသည့် စိုက်ဧကများအပြင် မြောင်းအဖျားပိုင်းအထိ စိုက်ပျိုးရေရရှိရေးအတွက် တူးမြောင်းစနစ်များကို ပြန်လည် စိစစ်တိုင်းတာကြရန် မှာကြားပြီး ဆင်သေချောင်းမှ ရေကူပေးဝေ နိုင်ရေး အခြေအနေကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်ရှိ မကျီးပင်ရေလွှဲဆည်သို့ရောက်ရှိ ပြီး မိုးစပါးစိုက်ပျိုးရေပေးဝေနေမှုအခြေအနေကိုလည်းကောင်း၊ မကျီးပင်ချောင်းသည် နွေကာလအထိ တစ်နှစ်ပတ်လုံး စီးဝင်ရေ ရေစီးရေလာကောင်းမွန်ပြီး ပိုလျှံရေများ အကျိုးရှိစွာ အသုံးချနိုင် ရေးအတွက် ချောင်းအောက်ပိုင်းမှ လယ်ယာမြေများသို့ စိုက်ပျိုးရေ ပိုမိုပေးဝေနိုင်ရန် ယာယီချောင်းပိတ်တမံတည်ဆောက်နိုင်မည့် အခြေအနေများကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်း တူးဖော်နေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်
No comments:
Post a Comment