Friday, July 18, 2025

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမျိုးသားလျှပ်စစ်ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ် သင်ကြားနေမှုအား ကြည့်ရှု အားပေး

ပဲခူး ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ အနောက်ဘက် မြို့ရှောင်လမ်း၊  မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဌာနးရေးအဖွဲ့၊ နည်းပညာ အထောက်အကူပြုရုံး၌ အမျိုးသားလျှပ်စစ်ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် လုပ်ငန်းကဏ္ဍအသီးသီးတွင် လိုအပ်သော ကျွမ်းကျင်လုပ်သားအဆင့်ဆင့်ကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး၊ အလုပ်သမားများအား စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်းအားဖြင့် ထုတ်လုပ်မှုကို အရေအတွက်သာမက အရည်အသွေးပါ တိုးတက်မြင့်မားလာစေရေး၊ ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် စနစ်တကျလေ့ကျင့်သင်ကြားထားသော လုပ်သားထုတစ်ရပ် မွေးထုတ်ပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားခြင်းဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးမြို့၊ အနောက်ဘက်မြို့ရှောင် လမ်းဘေးရှိ မိုးစပါးစိုက်ခင်းများ ရေကြီးနစ်မြှုပ်မှု သက်သာစေရေး ရေထုတ်မြောင်းနှင့် တာဘောင်ဖို့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ချက်နှင့်အညီ အချိန်မီ ပြီးစီးရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)

 

No comments:

Post a Comment