အင်းစိန် ဇူလိုင် ၂၅
“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်” မှ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး၊ မသာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်စီမံကိန်း
ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သာကေတမြို့နယ်၊ (၁၀)မြောက်ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ
U Energy သဘာဝဓာတ်ငွေ့စက်ရုံတွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် ဦးစိုးသိန်း၊ စည်ပင်သာယာရေးဝန်ကြီး(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ သယံဇာတရေးရာဝန်ကြီး
ဦးဇော်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံမှူး မစ္စတာကျန့်ကျစ်ဟုန်၊
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး အတွင်းရေးမှူး မစ္စတာကျူးဖုန်းနှင့် အတွင်းရေးမှူး
မစ္စတာလီစန့်ဟွေး၊ မြန်မာနိုင်ငံအခြေစိုက် ယူနန်ပြည်နယ် စီးပွားကူးသန်းရောင်းဝယ်ရေး
ကိုယ်စားလှယ်ရုံး တာဝန်ခံ မစ္စတာကောင်းဝေ၊ မြန်မာနိုင်ငံတရုတ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ
မစ္စတာလျိုမင်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ်
ဦးကျော်သူ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ U Energy သဘာဝဓာတ်ငွေ့စက်ရုံတာဝန်ခံ Mr. Dong Fan နှင့်
ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားမှူးက တက်ရောက်လာကြသူများအား တစ်ဦးချင်းမိတ်ဆက်ပေးပြီး “စိတ်ချင်းယှက်နွယ်
ယူနန်အစီအစဉ်”၏ ပထမအကြိမ် စီမံကိန်းမိတ်ဆက်ဗီဒီယိုအား ပြသကာ မြန်မာနိုင်ငံအခြေစိုက်
ယူနန်ပြည်နယ် စီးပွားကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံးတာဝန်ခံ မစ္စတာကောင်းဝေက
စီမံကိန်းအကြောင်း မိတ်ဆက်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံမှူးကြီး
မစ္စတာကျန့်ကျစ်ဟုန်က “စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်”မှ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး၊
သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့်လမ်းမီးတိုင်စီမံကိန်းစတင်ခြင်း အထိမ်းအမှတ်ဆိုင်းဘုတ်အားပေးအပ်ရာ
သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက လက်ခံရယူခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများက မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်” စီမံကိန်းဖြင့်
သာကေတမြို့နယ်အတွင်း ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင် အစုံ (၄၀) တပ်ဆင်ပေးမည်ဖြစ်ပြီး
ပြည်သူများ ညအခါသွားလာရေး လုံခြုံမှုအဆင်ပြေစေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့်
တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ပိုမိုနက်ရှိုင်းတိုးတက်စေရန် ရည်ရွယ်၍
ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
No comments:
Post a Comment