Friday, July 25, 2025

လှည်းကူး၊ မှော်ဘီနှင့် ထန်းတပင်မြို့နယ်များရှိ သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးပစ္စည်းကိရိယာများပေးအပ်ပွဲ ကျင်းပ



အင်းစိန် ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်ရှိ သမဝါယမ အသင်းသား တောင်သူများသို့  သွင်းအားစုပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးစပါး စိုက်ပျိုးသည့် တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder)၊ ဆိုလာ()ချပ်တွဲ ()လက်မရေတင်ပန့်နှင့် ဆိုလာ (၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ရဲမွန် ကျေးရွာအုပ်စုရှိ GBS ဝန်းအတွင်းရှိခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းအတိုင်း မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး စိုက်ပျိုး ရေ ဖူလုံစွာရရှိရေး စိုက်နည်းစနစ်မှန်ကန်ရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သမဝါယမနစ်ဆိုသည်မှာ တစ်ဦးချင်း၏ လူမှုရေး၊ စီးပွားရေး လိုအပ်ချက်များကို အများဆန္ဒနှင့် အညီ အတူတကွ ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နှင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးကို အားလုံးက တက်ညီလက်ညီ ဆောင်ရွက်သွားကြရန်နှင့် တောင်သူများ၏လိုအပ်သည့် အထွက်တိုးစပါးမျိုးနှင့် သွင်းအားစုများကို အချိန်မီပေးအပ်ထားပြီးဖြစ်သည့်အတွက် ယခုမိုးစပါးရာသီတွင် ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ကြိုးစားသွားကြရန်ဖြစ်ကြောင်း စသည်တို့ကို ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်ရှိ တာဝန်ရှိသူများနှင့် တောင်သူများအား သွင်းအားစု၊ ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာ (Seeder) 550 W x 14 Nos(7.7kw) အနိမ့်တင် ဆိုလာရေတင်စက်၊ ဆိုလာ()ချပ်တွဲ ()လက်မ ရေတင်ပန့်များကို ပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ပြသထားသည့် စိုက်ပျိုးရေးသုံး သွင်းအားစုများ၊ စိုက်ပျိုးရေးသုံးစက်ပစ္စည်းများနှင့် ဆိုလာများစသည်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)

No comments:

Post a Comment