နေပြည်တော် ဇူလိုင် ၃
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၅) ကို ယနေ့ မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊
ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ အတွင်းရေးမှူး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး
စိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများနှင့်
တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့
ဥက္ကဋ္ဌများဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Online ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီး မောင်မောင်အေးက “ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်၍ စည်းကမ်းတကျ
စုဆောင်းမှုကို အလေးထားရန်” လမ်းညွှန်ထားမှုအပေါ် အဆင့်ဆင့်သောပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့်
အလေး ထားလိုက်နာဆောင်ရွက်ကြရန် ဦးစွာမှာကြားလိုပါကြောင်း၊ နိုင်ငံတော်ကာကွယ် ရေးအတွက်
နိုင်ငံသားတိုင်းတွင် တာဝန်ရှိပြီး ဥပဒေအရ အသက်သတ်မှတ်ချက်နှင့် ကိုက်ညီအကျုံးဝင်သူများ
အနေဖြင့် သတ်မှတ်ကာလအလိုက် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး စီမံဆင့်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊
ယနေ့အထိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၁) အထိ သင်တန်းဆင်းခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်
လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိပါကြောင်း၊ ၎င်းတို့အထဲမှ စွမ်းရည်သတ္တိဆိုင်ရာ
ဂုဏ်ထူးဆောင်တံဆိပ်များ၊ ချီးကျူးဂုဏ်ပြုလက်မှတ်များ ရရှိခဲ့သူများလည်း ပေါ်ထွန်းနေပြီဖြစ်ပါကြောင်း၊
လက်ရှိအချိန်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃) ခု တက်ရောက်လေ့ကျင့်လျက်ရှိပါကြောင်း။
ပြည်သူ့စစ်မှုထမ်းဥပဒေ၊
နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဆောင်ရွက်ကြသည့်
တာဝန်ရှိသူအဆင့်ဆင့်က သိရှိနားလည်ပြီး လိုက်နာလုပ်ဆောင်နိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီသူများကို
အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်ကို
ထိခိုက်စေမည့် မမှန်မကန်တိုင်ကြားမှုများ၊ လုပ်ကြံ ဝါဒဖြန့်ခြင်းများကိုလည်း ဖော်ထုတ်အရေးယူလျက်ရှိကြောင်း၊
ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ရပ်ကွက်/ ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ မြိုနယ်အဖွဲ့
များအနေဖြင့် လူမှုဆက်ဆံရေးကောင်းမွန်စေရေး၊ ငွေကြေးမသမာမှု မရှိစေရေး၊ အဂတိမဖြစ်ပေါ်စေရေး၊
သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က
စိစစ် ကြပ်မတ်ပေးရန်လိုပါကြောင်း။
ပြည်သူ့စစ်မှုထမ်းဥပဒေ၊
နည်းဥပဒေများနှင့်ပတ်သက်၍ ပြည်သူလူထုအသိ ပညာပေးမှုများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးကြရန်
လိုပါကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် စာရင်းဇယား မှန်ကန်ရန်နှင့် ရေရှည်တွင် မှတ်တမ်း ထည့်သွင်းမှု
လွယ်ကူစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ IT နည်းပညာ နှင့် အချက်အလက် မှတ်တမ်းတင်ခြင်းအထောက်အကူပြုအလုပ်အဖွဲ့က
ပြည်သူ့ စစ်မှုထမ်းကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service
Infor-mation Management System-NSIMS) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊
တက်ရောက်လာကြ သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့်စပ်လျဉ်း၍ တွေ့ကြုံရသည့်
အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုပါကြောင်း၊
နေပြည်တော်ကောင်စီနှင့် ပြည်နယ်/ တိုင်းဒေသကြီး ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက
တင်ပြလာသည့် ကင်းလွတ်/လျှော့ပေါ့/ ရွှေ့ဆိုင်းခွင့်များနှင့်ပတ်သက်၍ ဗဟိုအဖွဲ့အနေဖြင့်
အလေးထား၍ စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ထိုသို့ခွင့်ပြုခဲ့သူများက ရွှေ့ဆိုင်းခွင့်ပြုခဲ့သူများအား
နေပြည်တော်ကောင်စီနှင့် ပြည်နယ်/တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ
အနေဖြင့် စနစ်တကျမှတ်တမ်းရေးသွင်း၍ ပြန်လည်ဆင့်ခေါ်ရမည့်အချိန်တွင် ရာနှုန်းပြည့် ပြန်လည်ဆင့်ခေါ်နိုင်ရေး
စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးရန် လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့
ဒုတိယဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက
ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ပုံမှန်ဖွင့်လှစ်သွားနိုင်ပါ က နိုင်ငံအတွက်၊ နိုင်ငံကာကွယ်ရေးအတွက်၊
နိုင်ငံတော်နှင့် ပတ်သက်သည့် ကာကွယ်ရေးစွမ်းအားများနှင့် လုံခြုံရေးဆိုင်ရာများ ပိုမိုကောင်းမွန်လာမည်ဖြစ်
ကြောင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ ဆင့်ခေါ်ရာတွင် ဆင့်ခေါ်ရေးအဖွဲ့က ဆင့်ခေါ်ပြီး
ဝင်ရောက်လာကြသူများကို စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များကလည်း
သေချာစိစစ်ကြပ်မတ် လက်ခံဆောင်ရွက်သွားရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များကလည်း
ဆင့်ခေါ်ရေးနှင့်ပတ်သက်၍ စိစစ်ကြပ်မတ် ပေးသွားရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့စစ်မှုထမ်း
ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များ၊ နေပြည် တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများက
သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ
အစည်းအဝေးကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment