ပဲခူး ဇူလိုင် ၁၇
ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ သီလရှင်ဝတ်ရုံလွှာများနှင့် လှူဖွယ်ဝတ္တုများ လှူဒါန်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားအား
နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်အမှူးပြုသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/
ခရိုင်/
မြို့နယ်အဆင့် ဌာနဆိုင်ရာများက
ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တသီရိန္ဒထံမှ
ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်အရှင်မြတ်များက မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို ရွတ်ပွားသရဇ္ဈာယ်
ချီးမြှင့်တော်မူကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်ဒေသကြီး/
ခရိုင်/
မြို့နယ်အဆင့် ဌာနဆိုင်ရာများက
ပဲခူးမြို့ပေါ် ကျောင်းတိုက်(၉၅)ခုမှ
ဆရာတော်/သံဃာတော်(၁၁၁)ပါးအတွက် ဝါဆိုသင်္ကန်းများ၊
သီလရှင်ကျောင်း(၁၂၅)ကျောင်းမှ သီလရှင် ဆရာကြီး(၂၄၇၆)ပါးအတွက် သီလရှင်ဝတ်ရုံလွှာနှင့်
လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ
ဆရာတော် အရှင်သူမြတ်ထံမှ
ဝန်ကြီးချုပ်နှင့် ဇနီးအမှူးပြုသော
ဧည့်ပရိသတ်အပေါင်းက အနုမောဒနာတရားနာယူပြီး
လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ
“ဗုဒ္ဓသာသနံစိရံတိဌတု”
သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်နှင့် တာဝန်ရှိသူများက
ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား
နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ
ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုဝန်ဆောင်
ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး သံဃနာယကဆရာတော်ကြီးများ၊ တိုင်းဒေသကြီးနှင့်
မြို့နယ်သီလရှင်အမှုဆောင်အဖွဲ့ ဆရာကြီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/
ခရိုင်/
မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊
မြို့မိ/မြို့ဖများ၊ ဘာသာရေးအသင်းအဖွဲ့များ
တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)
No comments:
Post a Comment