လွိုင်ကော် ဇူလိုင် ၁၈
ကယားပြည်နယ် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လွိုင်ကော်-မိုးဗြဲ-ပင်လောင်းလမ်းတစ်လျှောက်ရှိ ကျေးရွာများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ယခုအစည်းအဝေးအား ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ၁၃၂ ကေဗွီဘီလူးချောင်း(၂)-တီကျစ်ဓာတ်အားလိုင်းရှိ ဓာတ်အားလိုင်းတာဝါတိုင်များ၊ ပြတ်တောက်နေသည့် လိုင်းကြိုးများအား အမြန်ဆုံးပြုပြင်နိုင်ရေးဆောင်ရွက်သွားရန်၊ လွိုင်ကော်-မိုးဗြဲကား လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ ချုံမြက်များ ရှင်းလင်းဆောင်ရွက်ရန်နှင့် ပျက်ဆီးနေသည့် လမ်းများအား ပြုပြင်၍ လမ်းညွှန်း၊ လမ်းအမှတ်အသားများ
စိုက်ထူခြင်းတို့ကို ဆောင်ရွက်သွားရန်၊ ပြည်နယ်ဧရိယာအတွင်းရှိ ကျေးရွာများတွင် ပြည်သူများအား အမြန်ဆုံးပြန်လည်နေရာချထားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးဆောင်ရွက်ရန်၊ လွိုင်ကော်-မိုးဗြဲ-ပင်လောင်းလမ်းအား ယာဉ်လိုင်းများ စတင်ပြေးဆွဲနိုင်ရေးဆောင်ရွက်သွားရန်၊ ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် စက်ယန္တရားနှင့် လူအင်အားအသုံးပြု၍ ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ မဟာဓာတ်အားလိုင်းမှူးရုံး
(လွိုင်ကော်) မှ မဟာဓာတ်အားလိုင်းမှူးက လွိုင်ကော်-မိုးဗြဲ-ပင်လောင်း လမ်းတစ်လျှောက်လမ်းပိုင်းအလိုက် မဟာဓာတ်အားလိုင်းပျက်စီးမှုအခြေအနေနှင့် ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ပြည်နယ်လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှ အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ၃၃ / ၁၁ ကေဗွီ ၅ အမ်ဗွီအေကယန်းသာယာဓာတ်အားခွဲရုံပြန်လည်ပြုပြင်မည့်
အခြေအနေများ၊ ဘီလူးချောင်းအမှတ်(၂) လျှပ်စစ်ဓာတ်အား ပေးစက်ရုံမှူးက ဓာတ်အား ထုတ်လုပ် ပို့လွှတ်သွားမည့် အခြေအနေများ၊ ပြည်နယ်လမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက လွိုင်ကော်-မိုးဗြဲ-ပင်လောင်းလမ်းတစ်လျှောက်
ပျက်စီးမှုများအား
အမြန်ဆုံးပြန်လည်ပြုပြင်ထိန်းသိမ်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်ပါက စနစ်တကျနေရာချထားနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြခဲ့ပြီး ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ်လုပ်ငန်းများကို
အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ ပြန်လည်ဝင်ရောက်နေထိုင်မည့်
ပြည်သူများအတွက် ဘုန်းတော်ကြီးကျောင်း၊ ဆေးပေးခန်း၊ စာသင်ကျောင်း၊
သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးနှင့် သီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးတာဝန်ရှိသူများနှင့်
ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)
No comments:
Post a Comment