နေပြည်တော် မေ ၁၂
မျက်မှောက်ကာလတွင်
ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်
အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏
ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားကပြည်သူ့စကား” အစီအစဉ်မှ
“နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထိုးကျွေးခံ PDF လူငယ်တွေရဲ့ဘဝ”
ခေါင်းစဉ်ဖြင့် မေ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
လာမည့်အပတ်ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ဓားမြဆန်ဆန်ဆက်ကြေးကောက်၊
လမ်းကြေးတောင်းနေကြတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေကြောင့် အခက်တွေ့နေရသော
ခရီးသွားပြည်သူများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ
ပရိသတ်များအနေဖြင့် အပတ်စဉ်ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ်
၀၉-၈၉၉၀၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့်
ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ပါကြောင်းနှင့်
ပါဝင်လာသည့်ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment