နေပြည်တော် မေ ၁၂
အမျိုးသမီးတစ်ဦးအား တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မန္တလေးတိုင်းဒေသကြီး
ပြင်ဦးလွင်မြို့နယ် သံမဏိစက်ရုံ (အနောက်)၊ အနီးစခန်းနေ မခင်မိုးမိုးလွင်နှင့်
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဗထူးတိုက်ခန်း
တိုက်အမှတ် DD-5၊ (၇) လွှာနေ မခွန်းဆက်ဝေတို့က ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်
အိုင်သုံးဆင့်ရွာနေ မ---၊ ၂၂/၂၀၂၄ နှစ်အား တရုတ်ဇနီးအဖြစ် လုပ်ကိုင်ရန်ပြောဆိုစည်းရုံးပြီး
တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် ချမ်းအေးသာစံမြို့နယ်
အမှတ် (၈) မြို့မရဲစခန်း (ပ) ၁၆၁/၂၀၂၄ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ
၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်သည်။
မဟာအောင်မြေခရိုင်တရားရုံးမှ
မေ ၁၈ ရက်တွင် တရားခံ မခင်မိုးမိုးလွင် (ခ) မမိုးနှင့် မခွန်းဆက်ဝေတို့ နှစ်ဦးအား
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅
နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment