နေပြည်တော် ဧပြီ ၂၅
ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
ထိုသို့လေ့ကျင့်သင်ကြားလျက်ရှိရာ
ယနေ့တွင် အခြေခံစစ်ရေးပြ၊ တပ်မတော်(ရေ)သမိုင်းဘာသာရပ်နှင့်
ရေကြောင်းလမ်းညွှန်ဘာသာရပ်တွင်ပါဝင်သည့် GPS သင်ခန်းစာ၊
နက္ခတ္တဗေဒသင်ခန်းစာ၊ ညွှန်းထောင့်နှင့် Compass သင်ခန်းစာများကို
နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်စခန်း တန်းခွဲ(၁)ရေကြောင်းလူငယ်စခန်းမှ
သင်တန်းသား၊ သင်တန်းသူ ၉၅ ဦး၊ နေပြည်တော်စခန်း တန်းခွဲ(၂) ရေကြောင်းလူငယ်စခန်းမှ
သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ
အင်းယားရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၁၀ ဦး၊
ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး၊
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊
သင်တန်းသူ ၆၅ ဦး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ
သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဟိန်းဇဲဒေသရှိ
ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး၊ မြိတ်မြို့ရှိ
ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ကျွန်းစုမြို့ရှိ
ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ
ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၄၀ ဦး နှင့် ရှမ်းပြည်နယ်၊
ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦးတို့ကို
သက်ဆိုင်ရာနယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး
တပ်မတော်(ရေ)ရေကြောင်း လူငယ်သင်တန်းစခန်း(၁၁)ခု၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း
၈၀၀ ဦးတို့ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
အလားတူ
တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)နှင့်
တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းများကို
ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၁၅ ခုတွင်
စုစုပေါင်းသင်တန်းသား ၈၀၄ ဦးဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ မိတ္ထီလာမြို့ရှိ
မြန်မာပြည်မြောက်ပိုင်းသင်တန်းစခန်းမှ သင်တန်းသား ၅၀ ဦးနှင့်
မိတ္ထီလာသင်တန်းစခန်းမှ သင်တန်းသား ၄၈ ဦး၊ မှော်ဘီမြို့ရှိ
မြန်မာပြည်တောင်ပိုင်းသင်တန်းစခန်းမှ သင်တန်းသား ၆၁ ဦး၊ ရန်ကုန်မြို့ရှိ
ရန်ကုန်သင်တန်းစခန်းမှ သင်တန်းသား ၆၅ ဦး၊ မကွေးမြို့ရှိ မကွေးသင်တန်းစခန်းမှ
သင်တန်းသား ၅၀ ဦး၊ နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်သင်တန်းစခန်းမှ
သင်တန်းသား ၆၅ ဦး၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံသင်တန်းစခန်းမှ သင်တန်းသား ၅၆
ဦးတို့ကို အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်းလူငယ်သမိုင်းဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊
လေယာဉ်ပျံသန်းမှု အခြေခံသဘောတရားဘာသာရပ်၊ လေကြောင်းဆိုင်ရာ
အခြေခံဗဟုသုတများဘာသာရပ်၊ Airfield
Procedure ဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေးဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/
ရဟတ်ယာဉ်မောင်းနှင်ခြင်းဘာသာရပ်၊ RC
Simulator နှင့် Flight
Simulator မောင်းနှင်ခြင်း ဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး
ကျန်သင်တန်းစခန်းအသီးသီး၌လည်း ဆက်လက်လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment