ဟားခါး ဖေဖော်ဝါရီ ၁၁
ချင်းပြည်နယ် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME)နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်
စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး
ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သည့်အဖွဲ့ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ကို
ဟားခါးမြို့သို့ တက်ရောက်ချီးမြှင့်သည့်ခရီးစဉ်အတွင်း ဒေသတစ်ခုထုတ်ကုန်တစ်ခု ( One
Region One Product-OROP ) ဖြစ်ပေါ်လာစေရေး နိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိသည်နှင့်အညီ
ဒေသတွင်း စားရေရိက္ခာဖူလုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်ရန်၊
ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ စိုက်ပျိုးရေးထုတ်ကုန်တိုးမြှင့်
ဆောင်ရွက်ရန်၊ ချင်းပြည်နယ် တည်ငြိမ်အေးချမ်းပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်နှင့်
စံပြ စိုက်ခင်းများပြုလုပ်၍ ဒေသခံတောင်သူများအား အသိပညာဗဟုသုတများနှင့် နည်းပညာများ
မျှဝေ နိုင်ရေးဆောင်ရွက်သွားရန် လမ်းညွှန်ခဲ့ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်
များအပေါ် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနအလိုက် ဆောင်ရွက်ထားရှိမှု
အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများကို ရှင်းလင်းတင်ပြ ကြစေလိုကြောင်း၊
ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ် သည့် ပြည်ထောင်စုအဆင့်
MSME ထုတ်ကုန်ပြပွဲသည် နောင်လာမည့်အချိန်တွင် MSME ထုတ်ကုန် ပြပွဲများအတွက်
Guideline အဖြစ် အသုံးပြုရမည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်းထွန်းလှက ဖေဖော်ဝါရီလ
၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအဆင့် MSME
ထုတ်ကုန်ပြပွဲတွင် ချင်းပြည်နယ်ကိုယ်စားပြုပြခန်း ခင်းကျင်းပြသထားရှိမှုအခြေအနေများကို
ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက
ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်ပြီး
၊ ဆောင်ရွက် ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး
ဦးဇော်ဝင်းဌေး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment