Tuesday, March 11, 2025

အမျိုးသမီးများ ချစ်ကြည်ဖလှယ်ရေး ဆွေးနွေးပွဲကျင်းပ


နေပြည်တော် မတ် ၁၀

အမျိုးသမီးများ ချစ်ကြည် ဖလှယ်ရေးဆွေးနွေးပွဲကို မတ် ၆ ရက်က တရုတ်နိုင်ငံတယ်ဟုန်း ပြည်နယ်ခွဲမန်စီမြို့အသက်မွေး ဝမ်းကျောင်းကောလိပ် အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ မူဆယ်ရုံးခွဲဥက္ကဋ္ဌ ဦးခင်ဦး (ခ) ဦးရှင်ဖူး၊ နာယကဒေါ်စစ်စိန်နှင့်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ တာဝန်ရှိသူများသည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှုအစရှိသည့် လုပ်ငန်းများတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံကာနှစ်ဖက်အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ပေးရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲ အပြီးတွင် တက်ရောက် လာကြသူများသည် နှစ်ဖက်လက်ဆောင်ပစ္စည်း ပေးအပ်ခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်းတို့ကိုဆောင်ရွက်၍ ချစ်ကြည်ရေးအထိမ်းအမှတ် စကားပင်စိုက်ပျိုးခြင်းများဆောင်ရွက်ခဲ့ကြပြီး တယ်ဟုန်းပြည်နယ်ခွဲပြတိုက်၊ အသက်မွေးဝမ်းကျောင်း ကောလိပ်၊ သူငယ်တန်းကျောင်း၊ အမျိုးသမီးနှင့် ကလေးဆေးရုံတို့ကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment