နေပြည်တော် ဇန်နဝါရီ ၁၈
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျောက်ပုံကုန်းကျေးရွာရှိ UK ကြက်သွန်ကြော် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ်
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
ကုန်ကြမ်းသေချာမှုရှိသည့် စိုက်ပျိုးရေးထွက်ကုန်များကိုအသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်
ကုန်ချောများဖြစ်အောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှုပြုထားကြောင်း၊ UK ကြက်သွန်ကြော်လုပ်ငန်းသည်
စိုက်ပျိုးရေးထွက်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို
ဆောင်ရွက်နေခြင်းဖြစ်၍ အောင်မြင်အောင် ကြိုးစားကြစေလိုကြောင်း၊ ပြည်သူများ
ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက်လည်း ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း၊
နိုင်ငံတော်အနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ရန်ပုံငွေတစ်ရပ်ထူထောင်၍ လုပ်ငန်းရှင်များကို ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊
ချေးငွေရရှိပြီးသော လုပ်ငန်းရှင်များအနေဖြင့် ရရှိသောချေးငွေများကို MSME များတွင်သာ မှန်မှန်ကန်ကန် ရင်းနှီးမြှုပ်နှံကြစေလိုကြောင်း ပြောကြားပြီး လုပ်ငန်းရှင်များ၏
တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့ပြင်
ပြည်ထောင်စုဝန်ကြီးသည် သာစည်မြို့နယ် ကူဖြူကျေးရွာရှိ တောင်သူ ဒေါ်မွန်မွန်ဌေး
စိုက်ပျိုးထားသည့် ဖြစ်ထွန်းအောင်မြင်နေသော ကြက်သွန်နီစိုက်ခင်းအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment