နေပြည်တော် ဇန်နဝါရီ ၁၇
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံတပ်ရင်းသို့ရောက်ရှိနေသည့် ကရင်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၉/၂၀၂၄)သို့တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၉/၂၀၂၄)သို့တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက်ရန် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်းသို့ ရောက်ရှိလာသည့် မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။
ဦးစွာ
ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှုထမ်း
သင်တန်းအမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက်
ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉/၂၀၂၄)သို့ တက်ရောက်မည့်
နိုင်ငံ့သားကောင်းရတနာများအား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး
လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment