Thursday, January 9, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

နေပြည်တော် ဇန်နဝါရီ ၉

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီး များက ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ပေးပို့လျက်ရှိရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေး ပြည်ပအလုပ်အကိုင်ရေးရာနှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး မစ္စတာဗီဂျစ်သာ ဟီရတ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်ထံသို့ မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်။

သီရိလင်္ကာနှင့် မြန်မာနိုင်ငံတို့သည် ကာလရှည်တည်တံ့လျက်ရှိသည့် ဗုဒ္ဓဘာသာအမွေအနှစ်၊ နက်ရှိုင်းသော ယဉ်ကျေးမှုဖလှယ်သည့်သမိုင်းကြောင်းနှင့် ခိုင်မာသော ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုတို့အပေါ် အခြေခံသည့် နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းထားရှိပါသည်။ သံတမန်ဆက်ဆံရေးတည်ထောင်မှု (၇၅) နှစ်ကျော်ရှိလာပြီဖြစ်ရာ မိမိတို့၏ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကဏ္ဍတွင် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကာကွယ်ရေး၊ ခရီးသွားလာရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုတို့ ပါဝင်လျက်ရှိပါသည်။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများတွင် မိမိတို့၏ဆက်ဆံရေးသည် ကုလသမဂ္ဂ၊ ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (ဘင်းမ်စတက်) နှင့် အာဆီယံဒေသတွင်းဖိုရမ် (အေအာရ်အက်ဖ်) တို့တွင် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုများက ထင်ဟပ်ဖော်ပြလျက်ရှိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် မြန်မာ ပြည်သူများတိုးတက်၍ သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်းနှင့် ကျန်းမာ၍ ကောင်းကျိုးများ ရရှိပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

No comments:

Post a Comment