မုံရွာ ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ပညာသင်ကြားနေကြသည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ကျန်းမာသန်စွမ်းစွာ ပညာသင်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ခံတောရပ်ကွက်၊ အမှတ် (၅၃) အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ
ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက
ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူများ၊
ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား တန်ဖိုးသင့်စားသောက်ကုန်များ၊
ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများ
အားကြည့်ရှုအားပေးကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ
ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၉ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၁၀၀ ဦးကျော်ဖြင့် အခြေခံပညာကျောင်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေးသို့ ရောက်ရှိရာ တိုင်းဒေသကြီး
စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီ ယာမှူးကြီး ဦးမြင့်အောင်က အလျား - ၁၂ ပေ၊ အနံ
- ၁၀ ပေရှိ ဈေးဆိုင်ခန်းပေါင်း ၄၄ ခန်း ပါဝင်သည့် အလျား - ၂၇၉ ပေ၊ အနံ - ၂၄ ပေ RC ၂
ထပ်အဆောက်အဦသစ်တည်ဆောက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က
တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို
တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား
လိုက်လံကြည့်ရှုစစ်ဆေးပြီး ဈေးရောင်းချသူများအား ဈေး၏လိုအပ်ချက်များကို ရင်းရင်းနှီးနှီးလိုက်လံမေးမြန်းကာ
ဈေးဝယ်လာရောက်ကြသည့် ရပ်ကွက်နေပြည်သူများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၇ ရက် ည ၈ နာရီအချိန်တွင် ပျံလွန်တော်မူခဲ့သည့် မုံရွာမြို့၊
အေးသာယာရပ်ကွက်၊ ဇောင်ကြမ်းပင်ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊
အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တကုမာရသီရိအဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သက်တော်(၆၇)နှစ်၊
သိက္ခာတော်(၄၇)ဝါ မဟာထေရ်မြတ်ကြီး၏ ရုပ်ကလပ်တော်အား သွားရောက်ဖူးမျှော်ကြည်ညို ပြီးတာဝန်ရှိသူများနှင့်အတူ
စျာပနအခမ်းအနားအတွက် အလှူငွေကျပ် သိန်း ၃၀ အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)
No comments:
Post a Comment