မြစ်ကြီးနား ဒီဇင်ဘာ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီက စတင်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက မွန်းလွဲ (၂)နာရီတွင် ဘွဲ့နှင်းသဘင်ခန်းမ၌ တက်ရောက်အားပေးချီးမြှင့်ကြသည်။
ရှေးဦးစွာ ဘွဲ့နှင်းသဘင်
အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်
ဦးခက်ထိန်နန်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ
တက်ရောက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာအောင်ဝင်းနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင် များ၊ ပညာရေးအဖွဲ့ဝင်များနှင့်အတူ
ဘွဲ့နှင်းသဘင်စင်မြင့်တွင် နေရာယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က
ဘွဲ့ရမောင်/မယ်များအား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဗလငါးတန် ပြည်စုံသောလူငယ်၊
လူရွယ်ပညာတတ်များ ပေါများထွန်းကားလာစေရန် လိုအပ် ပါကြောင်း၊
ပညာရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတို့တွင်
တိုးတက်မြင့်မားမှုများဖြစ်ပေါ်ပြီး ငြိမ်းချမ်းသာယာသော
နိုင်ငံတစ်ခုဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ ယနေ့ ဘွဲ့ရမောင်/မယ်များအနေဖြင့်
မိမိတို့ အနာဂတ်နှင့် နိုင်ငံတော်အတွက် အသိဉာဏ်မြင့်မားပြီး စိတ်ဓာတ်ရေးရာ ရင့်ကျက်မြင့်မားကာ
တိုင်းချစ်ပြည်ချစ်စိတ်၊ အမျိုးကို စောင့်ရှောက်လိုသည့်စိတ်၊
အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းလိုသည့်စိတ် အားကောင်းလာအောင် စဉ်ဆက်မပြတ် လေ့ကျင့်
ပျိုးထောင်ကြရန် တိုက်တွန်းလိုကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် ပါမောက္ခချုပ်
ဒေါက်တာအောင်ဝင်းက တက္ကသိုလ်ပညာရေးအဖွဲ့က စာမေးပွဲတွင် ကောင်းစွာ အောင်မြင်ပေါက်မြောက်ခဲ့သည်ဟု
ကြေညာခြင်းခံရသော ဘာသာရပ်အသီးသီးမှ သတ် မှတ် ပညာသင်နှစ်အလိုက် မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊
ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့ရများနှင့် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ရ
လူငယ်မောင်မယ်များအား သက်ဆိုင်ရာဘွဲ့အသီးသီးကို သတ်မှတ်စည်းမျဉ်းစည်း ကမ်းများနှင့်အညီ
ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည်
ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ
ယနေ့ နံနက် ၉ နာရီကလည်း မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် အောင်ချမ်းသာဘုန်းတော်ကြီးကျောင်း၌
တိုင်းလိုင် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာပွဲတော် တစ်ခုဖြစ်သည့် ၂၀၂၄
ခုနှစ်၊ သျှမ်းနှစ်သစ်ကူးပွဲတော်နှင့် ကောက်ဦးဆွမ်းကပ်ပွဲ အခမ်းအနားသို့ တက်
ရောက်အားပေးခဲ့ကြပြီး တိုင်းလိုင်ရှမ်းမျိုးနွယ်စုနှစ်သစ်ကူးပွဲတော်အတွက်
ထောက်ပံ့လှူဒါန်းငွေများ ကို လည်းကောင်း၊ ရိုးရာဖျော်ဖြေရေးအကအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို
လည်း ကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အလားတူ နောင်ခမ်းရှမ်းရွာအတွင်းရှိ
ရှမ်းစာပေနှင့်ယဉ်ကျေးမှုဓမ္မာရုံ၌ တိုင်းလုံ ရှမ်းမျိုးနွယ်စု များ၏ ၂၀၂၄ ခုနှစ်
သျှမ်းနှစ်သစ်ကူးပွဲတော်နှင့် ကောက်ဦးဆွမ်းကပ်ပွဲ အခမ်းအနားသို့ တက်ရောက်
ခဲ့ကြပြီး ရှမ်းတိုင်းရင်းသားလူငယ်အကအဖွဲ့များက ရှမ်းရိုးရာအကအလှများဖြင့်
ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ဂုဏ်ပြုချီးမြှင့်ငွေများကို
ပေးအပ်ချီးမြှင့်ခဲ့ကြပြီး နှစ်သစ်ကောက်ဦးကို နေ့လည်စာအဖြစ် အတူတကွ
သုံးဆောင်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည်
မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစား ကွင်းအတွင်းရှိ
မိုးလုံလေလုံအားကစားခန်းမ၌ ပညာဘဏ်ကိုယ်ပိုင်အထက်တန်းကျောင်း၏ ပညာ ရည်ချွန်ဆုချီးမြှင့်ပွဲ
အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်သည်။
အဆိုပါ အခမ်းအနားတွင်
ပညာဘဏ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်း သူလေးများက “တို့များစုံညီ”
တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် က
အမှာစကားပြောကြားရာတွင် ကျောင်းသားတိုင်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ အသိပညာ အတတ်ပညာ
ထူးချွန်သော၊ လူချွန်လူကောင်းများ နိုင်ငံသားကောင်းများ ပေါ်ထွက်လာစေရေး၊ မိဘ၊ ဆရာ၊
ကျောင်းသား သုံးဦးတွေ့ဆုံပြီး ဘက်စုံညီညွတ်သော ကျောင်းသား/ ကျောင်းသူကောင်းများ
ပေါ်ထွက်လာစေရေး ယခုလို ပညာဘဏ်ကိုယ်ပိုင်အထက်တန်းကျောင်းက ကျင်းပပြုလုပ်ပေးခြင်း ဖြစ်သည့်အတွက်
အထူးပဲ အားရကျေနပ်မိပါကြောင်း၊ ထို့အပြင် အခြေခံပညာရေးမှ အစပြု၍ အဆင့် မြင့်ပညာတန်းအထိ
ဘက်စုံပြည့်ဝသော လူရည်လူချွန်ကောင်းများ ပေါ်ထွန်းလာစေရေး နိုင်ငံတော် က ချမှတ်ထားသည့်
ရည်ညွန်းချက်များနှင့်အညီ ရှေ့ဆက်ပိုမို အောင်မြင်ဖြစ်ထွန်းအောင် ဝိုင်းဝန်း ကြိုးစားကြရန်
လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် အထက်တန်းကျောင်း
ကျောင်းအုပ်ဆရာမဒေါ်ခင်မေသန်းက ကျောင်း၏ တစ်နှစ် တာလှုပ်ရှားမှုများကို
အစီအရင်ခံတင်ပြပြီး ကျောင်းသား/ ကျောင်းသူလေးများက တေးသီချင်းသရုပ်
ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ
အောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်
အတန်းလိုက် ထူးချွန်ဆုရရှိသူများ၊
ဖွံ့ဖြိုးရေးထူးချွန်ဆုနှင့်သင်ကြားရေးထူးချွန်ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ
ကျောင်းသား ကျောင်းသူလေးများက တေးသီချင်းသရုပ်ဖော်အကအလှများ၊ အငြိမ့်အကတို့ဖြင့် ကပြဖျော်ဖြေတင် ဆက်မှု
စွမ်းရည်ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်
No comments:
Post a Comment