နေပြည်တော် နိုဝင်ဘာ ၂၇
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် GNE Co.,Ltd တို့ ပူးပေါင်းပြုလုပ်သည့် Solar Winds Network Monitoring System နှင့်စပ်လျဉ်းသည့် အသိပညာများ မျှဝေပေးခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ GNE Co.,Ltd မှ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနရှစ်ခုမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီးက SolarWinds
Network Monitoring System သည် ကွန်ရက်စောင့်ကြည့်ရေး Software
တစ်ခုဖြစ်ပြီး မိမိတို့၏ IT Environment တွင်
ပါဝင်သော Hardware and Software များ၊ Website များ၊ Database များ၏ လုံခြုံရေးနှင့်
လုပ်ဆောင်ပေးနိုင်စွမ်းတို့ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်လေ့လာခြင်း၊
ဝန်ဆောင်မှုပေးခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ပြုလုပ်နိုင်မည်ဟု
သိရှိရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ သင်တန်းသားများအနေဖြင့်
နှစ်ရက်တာ နည်းပညာမျှဝေပွဲ ပြီးဆုံးပါက SolarWinds Network Monitoring
System နှင့် စပ်လျဉ်းသော အသုံးဝင်ပုံနှင့် အသုံးပြုပုံတို့ကို
လက်တွေ့လေ့လာသိရှိနိုင်မည်ဖြစ်ပြီး အခြားသော Monitoring System Software များနှင့် အားသာချက်၊ အားနည်းချက်များကို ချိန်ဆ၍
ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ e-Government လုပ်ငန်းစဉ်စနစ်ကို ထိရောက်စွာ အထောက်အကူပြု အကျိုးပြုနိုင်ရန်
အားလုံးဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍
ဒုတိယဝန်ကြီးက ICT ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သည့် ဝန်ထမ်းများဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်၊
မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်သဖြင့်
အထူးကြိုးစားသင်ယူသွားကြရန် အလေးအနက်ထားမှာကြားလိုကြောင်း ပြောကြားပြီး GNE
Co., Ltd မှ Branch Office Manager က
ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ
သင်တန်းကာလမှာ နှစ်ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၃၃ ဦး
တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment