နေပြည်တော် နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (၂၀၂၄-၂၀၂၆) ကို ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းအစီအစဉ်အရ “အဂတိလိုက်စားမှုကျူးလွန်ရာမှ ရရှိလာသည့် ပိုင်ဆိုင်မှုပစ္စည်းများ ပြန်လည်ရယူရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ” နှင့် “အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ယနေ့တွင် ရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည်။
ဦးစွာ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက Mr.BAZHUTOV Sergey - Head of the
General Depart-ment of Criminal Court Proceedings ဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့ကို ရွှေနန်းတော်ဟိုတယ် Lake View ခန်းမ၌
လက်ခံတွေ့ဆုံပြီး ရှေ့ဆက်ဆောင်ရွက်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယင်းနောက်
စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို နံနက် ၉ နာရီတွင် ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ
ဦးစစ်အေးက ယခုကဲ့သို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကော်မရှင်တို့
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့်
နိုင်ငံတကာအတွေ့အကြုံကောင်းများနှင့် သတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်း၊ နိုင်ငံတကာအဆင့်မီ
နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲနှင့် စကားဝိုင်းဆွေးနွေးပွဲများ
ပူးပေါင်းကျင်းပနိုင်ခြင်း၊ အဂတိလိုက်စားမှုနှင့် စပ်လျဉ်းသည့် နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ
ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိပါကြောင်း၊
ကော်မရှင်အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖော်ဆောင်ရန်အတွက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူအားလုံးပူးပေါင်းပါဝင်နိုင်စေရန်နှင့်
အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသည့် လူမှုအသိုက်အဝန်းဖန်တီးဖော်ဆောင်နိုင်ရန် ရည်ရွယ်၍
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်တံ့ခိုင်မြဲစွာဖြင့်
ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်မိပါကြောင်း ပြောကြားသည်။
ထို့နောက်
ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရှေ့နေချုပ်ရုံးမှ Mr.BAZHUTOV Sergey က အမှာစကားပြောကြားသည်။
ဆက်လက်၍ ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဂတိလိုက်စားမှု
တိုက်ဖျက်ရေးနှင့် ပြည်ပတွင်ရောက်ရှိနေသည့် အဂတိလိုက်စားမှုကျူးလွန်ရာမှ
ရရှိလာသည့် ပိုင်ဆိုင်မှုပစ္စည်းများ ပြန်လည်ရယူရေးတို့တွင် အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှုအတွေ့အကြုံများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးက
အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ Focal Point များဖွဲ့စည်းခြင်းနှင့် အဖွဲ့ပေါင်းစုံပါဝင်သော အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေး
စင်္ကြံများတွင် နိုင်ငံများအကြား ညှိနှိုင်းဆွေးနွေးခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း
ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင်
အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ
Ms. SHIKHANOVA Anna -
Senior Prosecutor က “International cooperation on
detection of corruption crimes” နှင့်စပ်လျဉ်း၍လည်း ကောင်း၊ Mr.GUDKOV
Nikolay- Senior Prosecutor က “Improvement of methods of
countering crimes committed with the use of information and communication
technologies and in the sphere of computer information, using digital traces to
detect persons who commit such deeds” နှင့် စပ်လျဉ်း၍လည်းကောင်း
ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ဧည့်သည်တော်များက သိရှိလိုသည်များကို
မေးမြန်းဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲတို့မှ
ရရှိလာသည့် ရလဒ်များနှင့်စပ်လျဉ်း၍ ဖတ်ကြားတင်ပြသည်။
ညပိုင်းတွင်
ရွှေနန်းတော်ဟိုတယ် Pool
Side ခန်းမ၌ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံးမှ
Mr.BAZHUTOV Sergey ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား
ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment