Monday, November 4, 2024

ဒုတိယဝန်ကြီး ဦးဝင်းရှိန် ညောင်ဦးမြို့ Sanon Assessment Center ၌ Waiting Staff Level-1 စစ်ဆေးအကဲဖြတ်နေမှု ကြည့်ရှုအားပေး



နေပြည်တော် နိုဝင်ဘာ ၃

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းတွင် ညောင်ဦးမြို့နယ် ညောင်ဦးသံတဲဝင်း ပျူစောထီးလမ်း အမှတ် (၃) ရပ်ကွက်ရှိ Sanon Assessment Center သို့ ရောက်ရှိ ပြီး ဟိုတယ်စားပွဲထိုး (Waiting Staff) Level-1 အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်နေမှုကို ကြည့်ရှုစစ်ဆေးကာ ဟိုတယ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များ၊ တာဝန်ခံများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသည်။

အသိအမှတ်ပြုလက်မှတ်များထုတ်ပေး

တွေ့ဆုံဆွေးနွေးစဉ် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့(NSSA)အနေဖြင့် လုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှု “စံ” များ ရေးဆွဲခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကဏ္ဍနှင့်ပတ်သက်၍ Level 1 အလုပ်အကိုင် ရှစ်မျိုး၊ Level 2 အလုပ်အကိုင် ရှစ်မျိုးနှင့် Level 3 အလုပ်အကိုင် နှစ်မျိုး၊ စုစုပေါင်း အလုပ်အကိုင် ၁၈ မျိုးအတွက် ကျွမ်းကျင်မှုစံများ အတည်ပြုထားပြီး ၂၀၁၄ ခုနှစ်မှ ယနေ့ထိ ဟိုတယ် စားပွဲထိုး၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးနှင့် ဧည့်ကြိုအလုပ်အကိုင်သုံးမျိုးတွင် သတ်မှတ် အရည်အချင်းကိုက်ညီသူ ၁၄၈၅ ဦးကို ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ခဲ့ကြောင်း။

အလေးထားဆောင်ရွက်

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍ ဆိုင်ရာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန်နှင့် အသိအမှတ်ပြုလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးလျက် ရှိရာ Sanon Assessment Center အနေဖြင့် NSSA လုပ်ငန်းစဉ်တွင် စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်ပေးရန်၊ ဟိုတယ်အလုပ်အကိုင်ဆိုင်ရာ အလုပ်ရှာဖွေသူများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် ဟိုတယ်အလုပ်အကိုင်ဆိုင်ရာသင်တန်းများ ဖွင့်လှစ် သင်ကြားခြင်းနှင့် အရည်အသွေးရှိ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်နိုင်ရေး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တည်ထောင်၍ စဉ်ဆက်မပြတ် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်နိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment