Friday, November 22, 2024

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မအူပင်မြို့ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန Polytechnic University (Maubin) ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်



မအူပင်၊ နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့ရှိ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန Polytechnic University (Maubin) ဖွင့်ပွဲအခမ်းအနား​အား ယမန်နေ့နံနက် (၉) နာရီက တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ကျောင်းမုခ်ဦးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရေများ ပက်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ဆက်လက်၍ အခမ်းအနားတွင် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန Polytechnic University (Maubin)မှ ကျောင်းသား၊ ကျောင်းသူများက Polytechnic University (Maubin)ကျောင်းသီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ပါမောက္ခချုပ် ဒေါက်တာကျော့ခင်က အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန Polytechnic University (Maubin) ဖွင့်လှစ်ကြောင်း ရှင်းလင်းတင်ပြခြင်းနှင့် မောင်မယ်သစ်လွင် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ပါမောက္ခချုပ် ဒေါက်တာသန္တာသိန်းက ကျေးဇူတင်စကားပြောကြားခြင်းနှင့် မောင်မယ်သစ်လွင် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ကာ ကျောင်းဖွင့်ပွဲ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ Polytechnic University (Maubin) ကျောင်းသား၊ ကျောင်းသူများက ထာဝရမြန်မာ၊ တောင်ယာဝင်ချိန် တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက Polytechnic University (Maubin) ကျောင်းသား၊ ကျောင်းသူများ၏ Project Show အား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)


No comments:

Post a Comment