Thursday, November 28, 2024

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် တင်ဆက်မည့် အစီအစဉ်လေ့ကျင့်နေမှု ကြည့်ရှုစစ်ဆေး



နေပြည်တော် နိုဝင်ဘာ ၂၇

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲပိတ်ပွဲအခမ်းအနား ကျင်းပရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် အနုပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော် တည်းခိုရေးစခန်း ရွာတော်သို့ ရောက်ရှိပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၏ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်တင်ဆက်မည့် “ခေတ် ၆ ခေတ်” ယိမ်းအကလေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးကာ အားပေး စကားပြောကြားသည်။

ဇာတ်တိုက်လေ့ကျင့်

အဆိုပါ “ခေတ် ၆ ခေတ်” ယိမ်းအကကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ အနု ပညာဦးစီးဌာနမှ အနုပညာရှင် ၇၅ ဦး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ အင်အား ၁၀၀ ၊ အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) မှ အင်အား ၅၀၊ အနု ပညာ အထက်တန်းကျောင်း (ရန်ကုန်) မှ ၂၅ ဦး၊ အနုပညာအထက်တန်းကျောင်း(မန္တလေး)မှ ၂၅ ဦးနှင့် ကရင်ပြည်နယ်မှ ကျောင်းသူ ၂၅ ဦး စုစုပေါင်း အင်အား ၃၀၀ ဖြင့် တင်ဆက်ကပြ သွားရန် ဇာတ်တိုက်လေ့ကျင့်လျက်ရှိသည်။

သင်ကြားပေးလျက်ရှိ

အဆိုပါ “ခေတ် ၆ ခေတ်” ယိမ်းအကတွင် ပျူခေတ်၊ ပုဂံ ခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင် ခေတ်၊ ရတနာပုံခေတ်နှင့် မျက် မှောက်ခေတ်တို့ပါဝင်ပြီး တစ်ခေတ် စီ၏ ကကြိုးကကွက်နှင့် တီးလုံး အပြင် အဆိုပါခေတ်၏ သင်္ကေတ ပုံဖော်မှု ဒီဇိုင်းများပါဝင်၍ ဇာတ်တိုက်လေ့ကျင့်မှုများကို အမျိုး သားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) မှ ဒုတိယပါမောက္ခချုပ် (သင်ကြား) က ကြီးကြပ်တာဝန်ယူ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment