Monday, November 25, 2024

ဒုတိယဝန်ကြီး ဦးအေးကျော် ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောခရိုင်အတွင်းရှိ ဟဲဟိုးမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဟဲဟိုးဓာတ်အားခွဲရုံကြည့်ရှုစစ်ဆေး

 


နေပြည်တော် နိုဝင်ဘာ ၂၄

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်အတွင်းရှိ ဟဲဟိုးမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဟဲဟိုးဓာတ်အားခွဲရုံသို့ ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ဦးစွာ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ဟဲဟိုးမြို့ ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဟဲဟိုးဓာတ်အားခွဲရုံသို့ ရောက်ရှိစစ်ဆေးပြီး ယခုနှစ် စက်တင်ဘာလမှစတင်၍ ဓာတ်အားခနှုန်းထားများ တိုးမြှင့်သတ်မှတ်ခဲ့ရာ မီတာသုံးစွဲမှုယူနစ်အတွက် လျှပ်စစ်ဓာတ်အားခများ မှန်ကန်စွာကောက်ခံနိုင်ရေး စနစ်တကျဆောင်ရွက်သွားကြရန်၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများ မရှိစေရေးစစ်ဆေးဖော်ထုတ်ဆောင်ရွက်သွားရန်၊ ဓာတ်အားခများကို အလွဲသုံးစားမှုများ မရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများအနေဖြင့် ဓာတ်အားခများ နေ့စဉ်ကောက်ခံရရှိမှု/ အပ်နှံမှုစစ်ဆေးမှတ်တမ်းတင်ရန်နှင့် ဓာတ်အားပျောက်ဆုံးမှုများ လျော့နည်းရေးအတွက် ရပ်/ပျက်/နှေးမီတာများ သေချာစွာစစ်ဆေးလဲလှယ်ရေးဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ငွေလက်ခံကောင်တာဖွင့်လှစ်၍ ကွန်ပျူတာစနစ်ဖြင့် ဓာတ်အားခကောက်ခံနေမှု၊ နေ့စဉ်ဓာတ်အားခကောက်ခံငွေများအား စာရင်းများစနစ်တကျဖြည့်သွင်း၍ တာဝန်ရှိသူများက ကြီးကြပ်စစ်ဆေးဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဟဲဟိုးမြို့ လျှပ်စစ်အင်ဂျင်နီယာ ရုံးဝင်းအတွင်း သောကြာနေ့တိုင်း ရုံးဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်နေမှုများကို ကြည့်ရှုအားပေးကာဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment