နေပြည်တော် နိုဝင်ဘာ ၆
အလုပ်သမားဝန်ကြီးဌာန၏ ကြီးကြပ်စီမံမှုဖြင့် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ရှိ ဆရာဝန်၊ သူနာပြုများက ရေဘေးဒဏ်ခံခဲ့ရသော ဇေယျာသီရိမြို့နယ် ချောင်းကမ်းကြီးကျေးရွာမှ နှာစေးချောင်းဆိုး၊ ဖျားနာ၊ ဝမ်းရောဂါ၊ ပါးအကျိတ်ရောင်ရောဂါနှင့် အထွေထွေအားနည်း ရောဂါလူနာ ကျား ၂၃ ၊ မ ၃၄ ဦး၊ စုစုပေါင်း ၅၇ ဦးတို့ကို နိုဝင်ဘာ ၅ ရက်တွင် စတုတ္ထအကြိမ် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အလုပ်သမားဝန်ကြီးဌာန
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများကို
ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည့်အပြင် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူလူထု၏
ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း အခါအားလျော်စွာ စောင့်ရှောက်ပေးလျက်ရှိကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment