Wednesday, November 6, 2024

အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်ရာထူးတွင် သံအမတ်ကြီး(ငြိမ်း) ဦးစံလွင် စတင်တာဝန်ထမ်းဆောင်

 


နေပြည်တော် နိုဝင်ဘာ ၅

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ သံအမတ်ကြီး(ငြိမ်း) ဦးစံလွင်သည် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်ရာထူးကို နိုဝင်ဘာ ၁ ရက်မှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကောင်ကင်မ်ဟွန်က သံအမတ်ကြီး(ငြိမ်း) ဦးစံလွင်အား အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ နိုဝင်ဘာ ၁ ရက်က တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ကျမ်းသစ္စာကျိန်ဆိုသည့်အခမ်းအနား ကျင်းပပြုလုပ်ကာ အာဆီယံအတွင်းရေးမှူးချုပ်က လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်အောက်မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

သံအမတ်ကြီး(ငြိမ်း) ဦးစံလွင်သည် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ (၃)နှစ်တာ တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။

သတင်းစဉ်

No comments:

Post a Comment