၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်သို့ ကရင်ပြည်နယ် ကိုယ်စားပြုအားကစားသမားများ စေလွှတ်ယှဉ်ပြိုင်နိုင်စေရေးနှင့် အောင်မြင်မှုများ ရရှိနိုင်ရေး အားကစားနည်းများအလိုက် ဘားအံမြို့ပေါ်ရှိ အားကစားကွင်း အားကစားရုံများ၌ စခန်းသွင်းလေ့ကျင့်လျက်ရှိရာ အုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများ၏ ရင်တွင်းစကားသံ များကို ဖော်ပြပေးလိုက်ပါသည်-
ဦးဇော်ဇော်မင်း
(ကရင်ပြည်နယ်၊ ဘော်လီဘောနည်းပြချုပ်)
ကျွန်တော်က ကရင်ပြည်နယ်
ဘော်လီဘောနည်းပြချုပ်ဖြစ်ပါတယ်။ အမျိုးသား၊ အမျိုးသမီးအသင်း နှစ်သင်းလုံးရဲ့ နည်းပြဆရာလည်းဖြစ်သလို
အုပ်ချုပ်သူလည်းဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို
ကရင်ပြည်နယ်အနေနဲ့ အားကစားနည်း ၂၃ နည်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ပြီး လူဦးရေ ၄၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ဘော်လီဘောအားကစားနည်းကိုတော့ အောက်တိုဘာ ၁ ရက်ကစပြီးတော့ စခန်းသွင်းလေ့ကျင့်ခဲ့ပြီး
အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၂၄ဦး၊ နည်းပြ အုပ်ချုပ် ခြောက်ဦး စုစုပေါင်း
၃၀ နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအသက် (၂၀) အောက် အမျိုးသား ဘော်လီဘောအသင်းအနေနဲ့
ဖိုင်နယ်အဆင့်ကို တက်ရောက်ပြီး ရွှေတံဆိပ်ဆု ကို ဆွတ်ခူးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ပြေးခုန်ပစ်အားကစားနည်းကို နှစ်လုံးပေါက် စခန်းသွင်းလေ့ကျင့်ပါတယ်။
ဘော်လီဘောအားကစားနည်းမှာ လည်း နှစ်စဉ်နှစ်စဉ် ဆုတွေရပါတယ်။ ကရင်ပြည်နယ်အနေနဲ့ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်တဲ့
အားကစားနည်း တွေမှာ ရွှေတံဆိပ်ဆုတွေ ဆွတ်ခူးနိုင်ဖို့အတွက် ပြည်နယ်အစိုးရဝန်ကြီးချုပ်ရဲ့
ညွှန်ကြားချက်နဲ့အညီ ကြိုးစား ဆောင်ရွက်နေပါတယ်။ အားကစားသမားတွေရဲ့ နေထိုင်စားသောက်ရေး၊
လေ့ကျင့်ရေး၊ ကျန်းမားရေးအတွက်ကိုလည်း အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေတဲ့ နေထိုင်ရာနေရာအလိုက်
ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့လည်း ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေ
ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှု များ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါကြောင့်မို့
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် မှာ ကရင်ပြည်နယ် အားကစားအသင်းများ
အောင်မြင်မှုရရှိဖို့အတွက် ရွှေဆံဆိပ်ဆုများရရှိအောင် ကြိုးစားဆောင်ရွက်သွားကြမယ်လို့
ပြောကြားလိုပါတယ်။
မထက်ဝေဝေအောင်
(ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဗိုဗီနမ်အားကစားသမား)
သမီးက ဗိုဗီနမ်အားကစားနည်းနဲ့
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ဝင်ရောက်ယှဉ်ပြိုင် မှာ ဖြစ်ပါတယ်။ ဗိုဗီနမ်အားကစားနည်းမှာ
အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး သိုဗန်ညိုလို့ခေါ်တဲ့ အားကစားနည်းရယ်၊ ဆောင်းလွေကီးလို့ခေါ်တဲ့
အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး ဓားချင်းခုတ်တဲ့ အားကစားနည်းရယ်၊ တစ်ကိုယ်တော် လောင်းဝါဝေ့လို့ခေါ်တဲ့
အားကစားနည်း ရယ် သုံးမျိုးပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ စခန်းတွင်းလေ့ကျင့်တဲ့အချိန်မှာ
နံနက်ပိုင်း ၆ နာရီကနေ ၇ နာရီအထိ Physical ပိုင်းကို နည်းပြတွေနဲ့ အတူတူလေ့ကျင့်ပါတယ်။
နံနက်ပိုင်း ၉ နာရီကနေ ၁၁ နာရီအထိ နည်းစနစ်ပိုင်းကို နည်းပြတွေနဲ့အတူ လေ့ကျင့်ပါတယ်။
ညနေ ၃နာရီခွဲကနေ ၅ နာရီအထိကတော့ နည်းပြတွေနဲ့အတူတူ နည်းစနစ်ပိုင်းကို ထပ်ပြီးတော့ လေ့ကျင့်ပါတယ်။
သမီးအနေနဲ့ကတော့ ကရင်ပြည်နယ်အတွက် ပါဝင်ယှဉ်ပြိုင်မယ့် အားကစားနည်း သုံးမျိုးလုံးကို
ရွှေတံဆိပ်ဆုရယူဖို့ မျှော်လင့်ထားပါတယ်။
မောင်ခိုင်ခန့်ကြည်
(ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုက်ကျော်ခြင်းအားကစားသမား)
ကျွန်တော်က ပဉ္စမအကြိမ်မြောက်
အမျိုးသားအားကစားပွဲတော်မှာ ပိုက်ကျော်ခြင်းအားကစားနည်း ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ဒီပိုက်ကျော်ခြင်းအားကစားနည်းကို ဒီတစ်ကြိမ်နဲ့ပါဆို လေးကြိမ် ယှဉ်ပြိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ကရင်ပြည်နယ်အတွက် ပထမဆုရရှိဖို့ မျှော်မှန်းထားပါတယ်။
နန်းနှင်းဝေ
(ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမျိုးသမီးဘော်လီဘောအသင်း)
သမီးက ကရင်ပြည်နယ်ကိုယ်စားပြု
အမျိုးသမီးဘော်လီဘောအသင်းမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ဒီဘော်လီဘောအားကစားနည်းကို တိုင်းဒေသကြီးနဲ့
ပြည်နယ်မှာ နှစ်ကြိမ်ကစားဖူးပါတယ်။ ငယ်စဉ်ကတည်းက ဝါသနာပါတာဖြစ်လို့ တက္ကသိုလ်ရောက်တဲ့အထိ
ဒီကစားနည်းကို ကစားခဲ့ပါတယ်။ ကရင်ပြည်နယ် အမျိုးသမီးဘော်လီဘောအသင်းအနေနဲ့ ကရင်ပြည်နယ်အတွက်
ရွှေတံဆိပ်ဆုရ ယူဖို့ကြိုးစားသွားပါမယ်။
စောအောင်ထွန်းနေ
(ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဗိုဗီနမ်အားကစားသမား)
ကျွန်တော်က အမျိုးသားအားကစားပွဲတော်မှာ
ဗိုဗီနမ်အားကစားနည်းထဲက နှစ်ယောက်တွဲ မာတောင်အားကစား နည်းရယ်၊ လေးယောက်တွဲ တင်းတောင်း
အားကစားနည်းရယ် နှစ်မျိုး ယှဉ်ပြိုင် ကစားသွားမှာဖြစ်ပါတယ်။ စခန်းသွင်းလေ့ကျင့်တဲ့အချိန်မှာလည်း
နည်းပြတွေနဲ့အတူ စနစ်တကျလေ့ကျင့်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ကတော့ အားကစားနည်းတိုင်းမှာ
ရွှေတံဆိပ်ဆုရရှိဖို့နဲ့ ပြည်နယ်အတွက် ဗိုဗီနမ်အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုရရှိဖို့
ကြိုးစားယှဉ်ပြိုင်သွားမှာပါ။
စောပြည့်ဖြိုးဦး
(ကရင်ပြည်နယ်၊ ရသေ့ပျံကျေးရွာ၊ ဘော်လီဘောအားကစားသမား)
ကျွန်တော်က အမျိုးသားအားကစားပွဲတော်မှာ
ဘော်လီဘောအားကစားနည်းဖြင့် ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒီဘော်လီဘောအားကစားနည်းကို
ပထမအကြိမ် ပါဝင်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ နည်းပြတွေနဲ့ စနစ်တကျလေ့ကျင့်ပြီး ဘော်လီဘောအားကစားနည်းဖြင့်
ရွှေ တံဆိပ်ဆုရရှိအောင်ကြိုးစားသွားမှာပါ။
တွေ့ဆုံမေးမြန်း-
စိုးစိုးအေးIPRD၊ စောသိန်းထွေး NRC
No comments:
Post a Comment