Sunday, November 3, 2024

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံ



မန္တလေး နိုဝင်ဘာ ၂

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၌ တိုင်းဒေသကြီး၊ ခရိုင်/ မြို့နယ်စာရင်းစစ်ရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက စာရင်းစစ်ဆေးရေးလုပ်ငန်း များဆောင်ရွက်ရာတွင် စစ်ဆေးရေးစီမံချက်နှင့်အညီ စစ်ဆေး၍ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ များကို အချိန်မီထုတ်ပြန်နိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် လေ့ကျင့်သင်ကြားရေးအစီအစဉ်များကို ရုံးချုပ်နှင့် ပေါင်းစပ်ဆောင်ရွက်ခြင်း အပြင် လုပ်ငန်းခွင်တွင် အသုံးချဆောင်ရွက်တတ်စေရန် ကြီးကြပ်ခြင်း၊ အသိပညာမျှဝေပေးခြင်းတို့ဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့အတူ နည်းပညာအသုံးပြု၍ IT Audit စစ်ဆေးခြင်းကို ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေးအတွက် ကွန်ပျူတာအခြေခံမှစ၍ အဆင့်မြင့်ပညာအထိ တတ်မြောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ပြီး သတင်းအချက်အလက်လုံခြုံရေးကိုလည်း ဂရုပြုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများက ဝန်ထမ်းအင်အားနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ယနေ့နံနက်ပိုင်းကလည်း မိတ္ထီလာခရိုင် စာရင်းစစ် ရုံး၌ ခရိုင်/မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment