နေပြည်တော် နိုဝင်ဘာ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဝါးခယ်မမြို့နယ် ရွှေလောင်းအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး၊ သင်ကြားရေးဆိုင်ရာများနှင့် စီမံမှုဆိုင်ရာများ အရည်အသွေးတိုးတက်ကောင်းမွန်စေရေး မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
လှည့်လည်ကြည့်ရှုအားပေး
ထို့နောက် သင်ကြား၊ သင်ယူနေမှုအခြေအနေများ၊ ကျောင်းနှင့်ဝန်းကျင် ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သိပ္ပံလက်တွေ့ခန်းများကို ကြည့်ရှုစစ်ဆေး၍ စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူများနှင့် ဘာသာရပ်ဆိုင်ရာ သင်ကြားတတ်မြောက်မှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဆရာ ဆရာမများအနေဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းသမီးမွန်များ ပေါ်ထွက်လာအောင် မိမိတို့ဘာသာရပ်အလိုက် ပြုစုပျိုးထောင် သင်ကြားပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment