နေပြည်တော် နိုဝင်ဘာ ၅
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၅ ရက်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ပညာရေးဘွဲ့ငါးနှစ်သင်တန်း အမှတ်စဉ်(၁၂)သို့ တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများအား စိစစ်အတည်ပြုရွေးချယ်သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ပထမနှစ်သင်တန်းသို့တက်ရောက်မည့် သင်တန်းသား သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားပြီး သင်တန်းသား သင်တန်းသူများထားရှိမည့် အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ စားရိပ်သာများနှင့် ကျောင်းဝင်းအတွင်း စိုက်ပျိုး/မွေးမြူရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့သို့ တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများကို ရွေးချယ်ရာတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်းမှ တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီး သတ်မှတ်အမှတ်ပြည့်မီသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများမှ ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသော တိုင်းရင်းသား တိုင်းရင်းသူများကို လူတွေ့စစ်ဆေးအတည်ပြု ရွေးချယ်ခြင်းများ ဆောင်ရွက်ကြသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သင်တန်းသားရွေးချယ်ရေးဗဟိုကော်မတီက မြန်မာနိုင်ငံတစ်ဝန်းရှိ ဝေးလံခေါင်းပါးသော နယ်စပ်ဒေသများမှ သင်တန်းသား သင်တန်းသူ ၁၅၁ ဦးအား ပညာရေးဘွဲ့(B.Ed) ငါးနှစ်သင်တန်းအတွက် စိစစ်အတည်ပြုရွေးချယ်ထားသည့် သင်တန်းသား သင်တန်းသူများအား ငါးနှစ်သင်ကြားပေးမည်ဖြစ်ပြီး ကျောင်းဆင်းပြီးချိန်တွင် ပညာရေးဘွဲ့(B.Ed) အပ်နှင်းကာ အထက်တန်းပြ ဆရာ ဆရာမများအဖြစ် ခန့်အပ်တာဝန်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment