နေပြည်တော် နိုဝင်ဘာ ၃
၂၀၂၄ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် အခြေခံပညာကျောင်းများမှ ကျောင်းသူများနှင့် ကြီးကြပ်သူ စုစုပေါင်း ၃၂၆ ဦးတို့သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်-တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကြည့်ရှုလေ့လာကြသည်။
ဦးစွာ မြန်မာ့အသံနှင့်
ရုပ်မြင်သံကြား ပင်မအဆောက်အအုံရှိ Auditorium ခန်းမ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ
ဝန်ထမ်းများက “အားလုံးချစ်သည် MRTV” သီချင်းဖြင့် ကပြဖျော်ဖြေကြပြီး “နုပျို ဆန်းသစ်
(၇၈) နှစ်မှသည် ပြည်သူ့အတွက် MRTV” Video Clip ဖြင့် ရှင်းလင်းပြသသည်။
စုပေါင်းဖျော်ဖြေ
ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
ဒုတိယညွှန်ကြားရေးမှူးချုပ်က နှုတ်ခွန်းဆက် ပြောကြားပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ
ဝန်ထမ်းများက “လတ်တီး”သီချင်းဖြင့် စုပေါင်းဖျော်ဖြေရာ ကျောင်းသူ များ ပျော်ရွှင်စွာ
ပါဝင်ဆင်နွှဲကြသည်။
ထို့နောက် လေ့လာရေးအဖွဲ့ဝင်များသည်
MRTV News Channel Studio တွင် သတင်းထုတ်လွှင့်ရန် ရိုက်ကူးရေး ဆောင်ရွက်မှုနှင့်
Virtual Studio တွင် NRC ရုပ်သံလိုင်းမှ တိုင်းရင်းသားဝန်ထမ်းများ၏ ကယားရိုးရာပုံပြင်
သရုပ်ဖော်ရိုက်ကူးမှုတို့ကို ကြည့်ရှုလေ့လာကြ သည်။
ယင်းနောက် လေ့လာရေးအဖွဲ့များသည်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက်
ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး
မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့်
အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊
သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့်
အခြားအသုံးအဆောင်ပစ္စည်းများစသည့် စုစုပေါင်း ပြခန်း ၄၀ တွင် ခင်းကျင်းပြသထားမှုများ
လေ့လာကြပြီး သိရှိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခြင်း၊
ပြတိုက်ဆိုင်ရာ မှတ်သားဖွယ်ရာ အဖြေလွှာ များ၌ ကျောင်းသူများ၏ ဖြည့်စွက်မှုများအား စိစစ်၍
ပြည့်စုံစွာ ဖြေဆိုနိုင်သူများအား အမှတ်တရ လက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး
အဆိုပါလေ့လာရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြသည်။
အသိပညာ၊ ဗဟုသုတရရှိနိုင်
၂၀၂၄ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကို
ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ရာ
နေပြည်တော်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ ၃၀၀ တို့က ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင်
“လှပချစ်စရာတို့ ရွှေမြန်မာ “သီချင်းဖြင့်လည်းကောင်း၊ ပိတ်ပွဲအခမ်းအနားတွင် “ရွှေပြည်တော်သို့
တို့အတူ” သီချင်းဖြင့်လည်းကောင်း အကအလှများဖြင့် ပါဝင်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်၍ ကြိုတင်ပြင်ဆင်လေ့ကျင့်ချိန်ကာလတွင်
အဆိုပါ ကျောင်းသူများ စိတ်အပန်းပြေစေရန်၊ ရွှင်လန်း တက်ကြွစေရန်နှင့် အသိပညာ၊ ဗဟုသုတရရှိနိုင်ရန်
ရည်ရွယ်ပြီး ယခု ကဲ့သို့ လေ့လာရေးခရီးစဉ်အား စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment