နေပြည်တော် နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်အတွင်းရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍
သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းချက်အရ အကြမ်းဖက်သမားများအနေဖြင့်
ပြည်သူလူထု၏ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ မြို့၊ ရွာများအတွင်း ဝင်ရောက်၍ တိုက်ပွဲများ
ဖော်ဆောင်လာခြင်းများကြောင့် မြို့၊ ရွာများပျက်စီးရကြောင်း၊ သို့ဖြစ်၍ အကြမ်းဖက်သမားများ
ဝင်ရောက်လာမှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါမြို့နယ်အတွင်း လိုအပ်သည့်
လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက
မဟုတ်မမှန်လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်
အင်းတော်မြို့နယ်အနီးတစ်ဝိုက်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့သော်လည်း နေအိမ်များကို
မီးရှို့ဖျက်ဆီးခြင်းမရှိကြောင်းနှင့် အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့်
ကျေးရွာများကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:
Post a Comment