နေပြည်တော် နိုဝင်ဘာ ၂၇
မသမာသူများအနေဖြင့် လူမှုကွန်ရက်ဖြစ်သည့် Facebook တွင် အမည်အမျိုးမျိုးဖြင့် ကိုယ်ပိုင် Page များ ဖွင့်လှစ်အသုံးပြုကာ ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင် ပြောဆို၍ ၎င်းတို့နှင့်ဆက်သွယ်လာသူ ငွေစက္ကူအတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည် ရယူမှုများဖြစ်ပွားလျက်ရှိသဖြင့် အဆိုပါ Facebook အကောင့်ပိုင်ရှင်များအား ဖမ်းဆီးရမိရေး အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အထူးအမှုစစ်အဖွဲ့များဖွဲ့စည်း၍ နည်းပညာအကူအညီရယူကာ စုံစမ်းရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ
အခေါက်ရွှေရောင်းသူဝယ်သူအမည်ပါ Facebook Group အတွင်း Amara Pan အမည်ပါ Facebook အကောင့်မှ “ငွေတုရောင်းတယ် မှတ်ပုံတင်တဲ့ရောင်းပေးတယ်
လူလိမ်မဟုတ်ပါ လူလိမ်ထင်ရင်မဝယ်ပါနဲ့ Viber/ 09971007328 သို့ ဆက်သွယ်ပါ” စာသား နှင့်ငွေစက္ကူအတုပုံများ Post တင်ထားမှုအား
စိစစ်တွေ့ရှိရသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ Amara Panအမည်ပါ Facebook အကောင့်ပိုင်ရှင်ဖြစ်သူ
ဒက္ခိဏသီရိမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနေ မအေးအေးအောင် (၁၈) နှစ်အား နိုဝင်ဘာလ ၂၄
ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ၎င်း၏နေအိမ်၌ ငွေစက္ကူအတုများရရှိမည်ဖြစ်ကြောင်း
အခြားသူများ ယုံကြည်အောင် ပြောဆိုကာ ငွေကြေးလိမ်လည်ရယူခဲ့ရာ၌ အသုံးပြုခဲ့သော VIVO
Y 83 အမျိုးအစား အနီရောင်လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံ အေးအေးအောင်၏ ထွက်ဆိုချက်အရ ၎င်းသည် Amara Pan အမည်ပါ
Facebook အကောင့်အား ဖွင့်လှစ်အသုံးပြုကာ Facebook Group များအတွင်း “ငွေတုရောင်းတယ် မှတ်ပုံတင်တဲ့ရောင်းပေးတယ်
လူလိမ်မဟုတ်ပါ လူလိမ်ထင်ရင်မဝယ်ပါနဲ့ Viber/ 09971007328 သို့ ဆက်သွယ်ပါ”ဟု စာသားများ လိုက်လံရေးသား၍ Post များတင်ခဲ့ပြီးနောက်
Viber ဖုန်းအမှတ် 09971007328 မှတစ်ဆင့် ငွေစက္ကူအတုဝယ်ယူရန် ဆက်သွယ်လာသူများအား ငွေစက္ကူအစစ်
၁ ဆလျှင် ငွေစက္ကူအတု ၈ ဆရမည်ဖြစ်ကြောင်း၊ မြင်းခြံမြို့မှဆိုပါက အိမ်အရောက်ငွေချေပြုလုပ်၍ရကြောင်း၊
ကျန်မြို့များအား စရံတစ်ဝက်ပေးချေ၍ ငွေစက္ကူအတုရရှိမှသာ ကျန်ငွေတစ်ဝက်အား ဝယ်ယူ၍ရကြောင်း
ယုံကြည်အောင်ပြောဆိုကာ အဆိုပါဖုန်းနံပါတ်ဖြင့် ဖွင့်လှစ်ထားသည့် Hnin Mya Wave pay
အကောင့်အတွင်းသို့ ငွေလွှဲခိုင်းခဲ့ပြီး ငွေလွှဲရောက်ရှိပါက Viber အကောင့်အား
Block ပြုလုပ်ကာ ငွေကြေးများအား လိမ်လည်ရယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် လူမှုကွန်ရက်စာမျက်နှာများ၌ ငွေစက္ကူအတုဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင်
ပြောဆိုပြီး ငွေကြေးများလိမ်လည်ရယူခဲ့သူ တရားခံ အေးအေးအောင်အား ဧည့်ဂေဟာနယ်မြေ ရဲစခန်း
(ပ) ၆၈/၂၀၂၄၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဂ) ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး အလားတူ လူမှုကွန်ရက်အခြေပြု၍
ငွေကြေးလိမ်လည်ရယူမှုများနှင့် ငွေစက္ကူအတုပြုလုပ်သုံးစွဲရောင်း/ဝယ် သူများအား အချိန်နှင့်တစ်ပြေးညီ
စောင့်ကြည့်ဖော်ထုတ်ဖမ်းဆီးမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း
ထိုကဲ့သို့ အရောင်းအဝယ်ပြုလုပ်မှုများအား သိရှိပါက နီးစပ်ရာရဲစခန်းများသို့ သတင်းပေးပို့တိုင်ကြားနိုင်ပါကြောင်း
အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

No comments:
Post a Comment